Friday, August 24, 2007

အရေးကြီးပြီ ညီနောင်အပေါင်းတို့ ...


“မြန်မာပြည်မှာ ထမင်းငတ်ပြီးသေတဲ့မသာ မရှိပါဘူး” ဆိုတာ အရင်က စကားပုံတခုပေါ့။ အခုတော့ တကဲ့ အဖြစ်အပျက်ဖြစ်နေပြီ။ အင်္ဂလိပ်ခေတ်က ပြည်သူများ ထမင်းငတ်သည်ဆိုတာ ကြားကောင်းသေးသည်။ အခုတော့ အာဏာယစ်မူးသူတစုကြောင့် မြန်မာတနိုင်ငံလုံး ဆင်းရဲဒုက္ခရောက်နေရသည်။ တချိန်က ဆရာဇော်ဂျီရဲ့ ကဗျာတပုဒ်က ဒီနေ့ အဖြစ်အပျက်ကို ထင်ရှားစွာ မီးမောင်းထိုး သရုပ်ဖော်ပေးနေသည်။ ခံစားကြည့်ပါ။ ပြီးတော့ ကဗျာထဲက အတိုင်း ညီညွတ်စွာဖြင့် တိုက်ပွဲဝင်သွားကြပါစို့ ...

တို့ တိုင်း တို့ ပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
့်ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
်မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ဉာဏ်ရှေ့ ပန်း၍
တ၀မ်းတစိတ်၊ ညီစေသတည်း။

ဇော်ဂျီ

No comments:

 
/* EOT ----------------------------------------- */