Thursday, February 4, 2010

Naw Louisa Benson Craig (သို့ ) တာဝန်ကျေခဲ့သူ တယောက်

ကျနော်သိသော နော်လီစာ ဘင်ဆင်

Naw Louisa Benson Craig

(1941 - 2010)

http://www.burmalibrary.org/docs3/karenmuseum-01/personalities.htm#Benson, Naw Louisa


သြဂုတ်လ၊၂၀၀၆ မှာပြုလုပ်ခဲ့သော တိုင်းရင်းသားများစုံညီအစည်းအဝေးမှာ နော်လွီဇာဘင်ဆင်ကိုတွေ့ ရပုံ

(ရှေ့ တန်း ဘယ်ဘက် ၄ယောက်မြောက်)
http://tineyintharvoice.blogspot.com/2010/02/blog-post_4563.html


နာမည် အပြည့်အစုံမှာ နော်လွီဇာ ဘင်ဆင် ခရိုက် (Naw Louisa Benson Criag) ဖြစ်သည်။ မြန်မာတို့ က နော်လွီဇာကို မပီသဖြင့် (တနည်း) အလွယ်ခေါ်သဖြင့် နော်လီစာ ဘင်ဆင် ဖြစ်လာသည်။ သူ့ ကို မြန်မာပြည် တွင်းမှာ အလှမယ်၊ ရုပ်ရှင်မင်းသမီး၊ ကရင်သူပုန်ခေါင်းဆောင်၏မိန်းမ... စသဖြင့် လူသိများသည်။ နယ်စပ်မှာ တော့ ကရင့်တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်သူ၊ ယခင်က ဖျက်သိမ်းခဲ့သော တပ်မဟာ ၅ တမ်မဟာမှူး ဗိုလ်လင်းတင်၏ အိမ်ထောင်ဖက်အဖြစ် လူသိများသည်။ ဗိုလ်လင်းတင်က ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်သော မဲဆောက်ကို ၀င်ရောက်တိုက်ခိုက်ဖူးသဖြင့် အလွန်နာမည်ကြီးသော ကရင်စစ်ဗိုလ်တဦးဖြစ်သည်။


မိမိ ထိုင်း-မြန်မာနယ်စပ်တွင်ရှိနေစဉ် သူမနေထိုင်ခဲ့ရာဇာတိဖြစ်သော တပ်မဟာ ၁ (သထုံခရိုင်) ဒေသရှိ ကျေးရွာကို ရောက်သွားခဲ့သည်။ သူမရွာက မြန်မာစစ်တပ်နှင့်အလွန်နီးကပ်ပြီး သပ်သပ်ရပ်ရပ်ရှိသော ကျေးရွာကြီး တရွာ ဖြစ်သည်။ ကျနော်နှင့်အဖော်ပါလာသူ KNU မှ မိတ်ဆွေများက လှမ်းပြ၍ သူမနေထိုင်ခဲ့သောအိမ်ကို တွေ့ ခဲ့ ရသည်။ တိုက်ဆိုင်စွာပင် သူမနှင့် ကျနော် ၂၀၀၇ ခုနှစ် Los Angeles ၌ ပြုလုပ်သော ရွှေဝါရောင် တော်လှန် ရေး အခမ်းအနားတခုတွင် ပြန်ဆုံဖြစ်သည်။ သူမသည် နိုင်ငံရေးနှင့်ပတ်သက်သော အခမ်းအနားများကို တတ်နိုင်သလောက်လာပြီး စကားပြောလေ့ရှိသည်။ ကရင့်အမျိုးသားအရေးနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီအရေး များကို တတ်နိုင်သလောက် ထောင့်တထောင့် တနေရာမှ လုပ်ဆောင်ခဲ့သော... ဂုဏ်ပြု အသိအမှတ် ပြုထိုက်သော... အမျိုးသမီးတဦး ဖြစ်ပါသည်။


http://www.irrawaddy.org/bur/index.php/news/1-news/2544-2010-02-04-10-28-40

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */