Friday, August 24, 2007

အရေးကြီးပြီ ညီနောင်အပေါင်းတို့ ...


“မြန်မာပြည်မှာ ထမင်းငတ်ပြီးသေတဲ့မသာ မရှိပါဘူး” ဆိုတာ အရင်က စကားပုံတခုပေါ့။ အခုတော့ တကဲ့ အဖြစ်အပျက်ဖြစ်နေပြီ။ အင်္ဂလိပ်ခေတ်က ပြည်သူများ ထမင်းငတ်သည်ဆိုတာ ကြားကောင်းသေးသည်။ အခုတော့ အာဏာယစ်မူးသူတစုကြောင့် မြန်မာတနိုင်ငံလုံး ဆင်းရဲဒုက္ခရောက်နေရသည်။ တချိန်က ဆရာဇော်ဂျီရဲ့ ကဗျာတပုဒ်က ဒီနေ့ အဖြစ်အပျက်ကို ထင်ရှားစွာ မီးမောင်းထိုး သရုပ်ဖော်ပေးနေသည်။ ခံစားကြည့်ပါ။ ပြီးတော့ ကဗျာထဲက အတိုင်း ညီညွတ်စွာဖြင့် တိုက်ပွဲဝင်သွားကြပါစို့ ...

တို့ တိုင်း တို့ ပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
့်ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
်မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ဉာဏ်ရှေ့ ပန်း၍
တ၀မ်းတစိတ်၊ ညီစေသတည်း။

ဇော်ဂျီ

ဖတ်ကြည့်ချင်သေးလား....

Wednesday, August 15, 2007

LA က ၈လေးလုံးအခမ်းအနား...ရန်ပုံငွေရဖို့  တော်လှန်ရေးသီချင်းခွေတွေ၊ ၈လေးလုံးတီရှပ်တွေရောင်းခဲ့တယ်။
အဲဒီ့ပွဲကို လုပ်တဲ့သူတွေပြောတာက ဒီပွဲကို လုပ်ရခြင်း ရည်ရွယ်ချက် ၂ ခုရှိတယ်။ ပထမက ၈၈၈၈
နဲ့ ဒီမိုကရေစီရေးလှူတ်ရှားမူတွေမှာ ကျဆုံးသွားကြတဲ့ သူတွေကို ရေစက်ချ အမျှဝေ ဆွမ်းကျွေးတာတဲ့။ ဒုတိယရည်ရွယ်ချက်ကတော့ အခုထက်ထိ ဖိနှိပ်မူ့ တွေ၊ ခြိမ်းချောက်မူ့ တွေကြားက မဆုတ်မနစ် ရဲဝန့် စွာနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ ဒေါ်စုနဲ့ NLD, မင်းကိုနိုင်နဲ့  ၈၈ မျိုးဆက်ကျောင်းသားများ၊ အခြားနိုင်ငံချစ်တဲ့သာမန်ပြည်သူများကို ဂုဏ်ပြုလိုတဲ့အတွက်လို့ သိရပါတယ်။

ဖတ်ကြည့်ချင်သေးလား....

L.A. ၈၈၈၈ ဆွမ်းကျွေးပွဲနဲ့ ဓါတ်ပုံပြပွဲ (၂၀၀၇)

လော့စ်အိမ်ဂျလိစ်မှာ လုပ်သွားတဲ့ ၈၈၈၈ ဆွမ်းကျွေးပွဲနဲ့ ဓါတ်ပုံပြပွဲပေါ့ဗျာ။ ဘယ်အဖွဲ့ အစည်းကလုပ် တာမဟုတ်ပဲ အယ်အေမှာရှိတဲ့ နိုင်ငံချစ်ပြည်သူများက ၀ိုင်းပြီးလုပ်သွားတဲ့ပွဲတဲ့ဗျ။ နဲနဲထူးဆန်းနေသလိုလာ သွား တဲ့သူတွေက လည်း များတယ်ဆိုပဲ။ စုပေါင်းလုပ်ဆောင်ခြင်းရဲ့ အောင်မြင်မူတခုပါပဲ။

ဖတ်ကြည့်ချင်သေးလား....

Thursday, August 9, 2007

သင်တန်းဆင်းပွဲတခု...















ဒေါင်းဂွင်ဆိုတာ တချိန်တုန်းက တောခိုကျောင်းသားတွေ ခိုနားခဲ့တဲ့နေရာလေးပေါ့ဗျာ။ သံလွင်မြစ် ကမ်းစပ်နား မှာပဲရှိပြီး စမ်းရေကိုသောက်၊ သံလွင်ရေကို ချိုးခဲ့တာပေါ့။
(သံလွင်ရေက တအားနောက်လို့  သောက်မကောင်းပါ)။ အဲဒီ့စခန်းလေးမှာ ဆေးရုံတလုံးရယ်၊ ပြန်ကြားရေး အသံသွင်းခန်းတခုရယ်၊ ညဆို မီးစက်ဖွင့်မှ ရိုက်လို့ ရတဲ့ ကွန်ပြူတာဌာနလေးတခုရယ်၊ ပြီးတော့ စိတ်ဓါတ် တက်ကြွတဲ့ ကျောင်းသားတွေရှိတယ်။ စားတော့ ငါးပိ၊ ဖျားတော့ဌက်ဖျား၊ သွားတော့ သော်လက်ထ၊ ဒီလိုနဲ့  အဲဒီ့စခန်းမှာ ၂ နှစ်၊ ၃ နှစ်လောက် ကြာခဲ့တယ်။

ဖတ်ကြည့်ချင်သေးလား....

"ရှစ်ဆယ့်ရှစ် မျိုးဆက်သစ်”

ဖိနှိပ်မှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု အမျိုးမျိုးကြားမှ သတ္တိ ရဲဝန့် စွာ ဆက်လက်လှုတ်ရှားနေကြသော ၈၈ မျိုးဆက်ကျောင်းသားများကို အောက်ပါကဗျာလေးဖြင့် ဂုဏ်ပြုလိုက်ပါတယ်...

မျိုးဆက်သစ်ရဲ့  စေတနာ
"ရှစ်ဆယ့်ရှစ် မျိုးဆက်သစ်”တဲ့ ...

တခေတ်ထူမဲ့ လူငယ်များ
သမိုင်းထဲက မွေးလို့ ဖွား
သွေးသစ်အားလောင်းပြီတကား။

မင်းကိုနိုင်တို့  ဆိုစကား
သစ္စာတရား မေတ္တာပျား
မထောင်မလွှား မယောင်မှား
စိန်ခေါ်သံနှင့် မာန်မကြွား
ဣနြေ္ဒရရ ချိန်ဆဆနှင့်
စိန်တမျှလို ထွင်းဖောက်သွား
လေးစားဖွယ်ပါ ကလား။

တို့ တိုင်းတို့ ပြည် ကောင်းစေသား
စေတနာနဲ့  မေတ္တာထား
ညှိညှိနှိုင်းနှိုင်း ၀ိုင်းပါလား
မရိုင်းလေဘု သူတို့ စကား
မင်းတို့ စဉ်းစား ငါစဉ်းစား
နိုင်ငံအကျိုး မျှော်ထောက်ထား
ထောက်ခံကြစို့ လား။

တင်မိုး
၂၀၊ ၁၊ ၂၀၀၇
(ဆရာကြီးမကွယ်လွန်မီ ရေးသွားသောကဗျာ)

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */