Saturday, August 14, 2010

22nd Anniversary of 8888 People Revolution in Burma (Los Angeles, 2010)



ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ ၂၂ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို အယ်အေမြို့ လပွန်းတီအရပ်ရှိ မြန်မာဗုဒ္ဒဘာသာကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားဟာ ရိုးရိုးလေးဖြစ်ပြီး အမှတ်တရ စကားပြောခြင်း၊ ၈၈၈၈ ရည်စူး အမှတ်တရ ကဗျာများရွတ်ဆိုခြင်း၊ ကိုယ်တွေ့ အဖြစ်အပျက်များပြောကြားခြင်းနဲ့ အကျွေးအမွေးဖြင့် ဧည့်ခံခြင်းတို့ ဖြစ်ပါတယ်။ အခမ်းအနားမှာ အထူးအစီအစဉ်အဖြစ် မြန်မာပြည်တွင်း NLD အဖွဲ့ ရဲ့ခေါင်းဆောင်တဦးဖြစ်သော အဘဦးဝင်တင်မှ ဤအခမ်းအနားသို့ ပေးပို့ ထားသော အသံဖိုင်ကို ဖွင့်ပေးခဲ့ပါတယ်။

အခမ်းအနားရဲ့အဓိကထူးခြားချက်က ၈လေးလုံး ၂၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယုံကြည်ချက်ကြောင့် ဖမ်းဆီးအကျဉ်းကျနေသူ ၈၈ မျိုးဆက်ကျောင်းသူကျောင်းသား ၂၀ ဦးအား ဂုဏ်ပြုထောက်ပံ့မှု ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အရင်ပြီးခဲ့တဲ့ ဒေါ်စုမွေးနေ့ တုန်းကလဲ မတရားဖမ်းဆီး အကျဉ်းကျနေသူ အမျိုးသမီး ၂၀ ဦးကို အယ်အေမြို့ က ဂုဏ်ပြု ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။ ဒီအခမ်းအနားကို ဦးဆောင်ကျင်းပတဲ့ LA Organizers အဖွဲ့ ဝင်တဦးပြောပြချက် အရ LA Organizers အဖွဲ့ ရဲ့ ရည်ရွယ်ချက် ၂ ခုဖြစ်တဲ့ ကျဆုံးသွားသူ အာဇာနည်များအား မမေ့မလျော့ပဲ ဂုဏ်ပြုရေး၊ ဖိနှိပ်မှုများကို မမှုဘဲ အမျိုးသားလွတ်မြောက်ရေးကို ဆက်လက်လုပ်ဆောင်နေ သူများအားလည်း အားပေးကူညီထောက်ပံ့ရေးဆိုတဲ့ ရည်ရွယ်ချက်များ ဒီပွဲလေးမှာ မင်္ဂလာရှိစွာ အထမြောက် ကြောင်း ပြောပြပါ တယ်။

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */