Sunday, December 19, 2010

Los Angeles honors Daw Aung San Suu Kyi and Burma





ကိုပြေငြိမ်းနှင့် ကိုသူရ


ကိုဖုန်းရောင်ဦး




ကိုတိုးလွင် ( အတွင်းရေးမှူး၊ NLD လွတ်မြောက်နယ်မြေ၊ အမေရိကန်ပြည်ထောင်စု)



မကေသီ



ကိုမော်ကြီး




ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၁၀

Golden Triangle Restaurant, Los Angeles

အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီး တိုင်းပြည်အကျိုးအတွက် အားကျိုးမန်တက် ဆောင်ရွက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုအားပေးထောက်ခံသော ဂုဏ်ပြုညစာစားပွဲနှင့်ရန်ပုံငွေရှာဖွေပွဲကို Los Angeles မြို့ Whittier အရပ်ရှိ Golden Triangle Restaurant တွင် ကျင်းပခဲ့ရာ လူပေါင်း ၂၀၀ ခန့် ခန်းလုံး ပြည့် တက်ရောက် အားပေးဂုဏ်ပြု ခဲ့ကြပါသည်။ မိုးထဲ၊ လေထဲ ဆိုးဝါးလှသောရာသီဥတုဒဏ်ကို မမှုဘဲ တခဲနက် တက်ရောက်အားပေးခဲ့ကြသူများ၊ မလာရောက်နိုင်သော်လည်း တတ်စွမ်းသရွေ့ ရန်ပုံငွေ ထဲ့ဝင်သူ များ၊ အားလုံး အားလုံးကို ဒေါ်စုကိုယ်စား ပွဲစီစဉ်သူ L.A. Organizers အဖွဲ့ က ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အခမ်းအနားကို ကိုပြေငြိမ်းက အဖွင့်အမှာ စကားပြောကြားပြီးဖွင့်လှစ်ပါသည်။ ထို့ နောက်ဒေါ်စုအား အမှတ် တရဂုဏ်ပြုစကားကို တက်ရောက်လာသူတဦးဖြစ်သော ကိုဖုန်းရောင်ဦးက ပြောကြားပေးပါသည်။ ထို့ နောက် အမေရိကန်ပြည်ထောင်စု၊ NLD (လွတ်မြောက်နယ်မြေ) ရဲ့ အတွင်းရေးမှူးလဲဖြစ်ပြီး ယခင်က ဒေါ်စု နှင့် အနီး ကပ်နေထိုင်တာဝန် ထမ်းဆောင် ခဲ့သူလည်းဖြစ်သူ ကိုတိုးလွင်က ဒေါ်စုရဲ့ အနစ်နာခံမှု၊ အမျှော်အမြင်ကြီး မားမှု၊ ရဲစွမ်းသတ္တိရှိမှု၊ ခေါင်းဆောင်ပီသမှုတို့ ကို အမှတ်တရ ဂုဏ်ပြု ပြောကြားသွားခဲ့ပါသည်။ ထို့ နောက် မြန်မာအစား သောက်ပေါင်းစုံပါဝင်သော ညစာစားပွဲ ကို ပျော်ရွှင်စွာစားသောက်ခဲ့ကြပါသည်။ ထို့ နောက် ကိုမော်ကြီးက ညစာ စားပွဲတွင် ရရှိသော အကျိုးအမြတ်ငွေ $2,225 အား NLD အဖွဲ့ အထွေထွေရန်ပုံငွေ အဖြစ် ပေးအပ်သွားမည် ဖြစ်ကြောင်းကျေညာပြီး တက်ရောက်လာကြသူ များနှင့်အလှူငွေထဲ့ဝင်သူများအား ကျေးဇူး တင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ပြီးစီးစေခဲ့ပါသည်။

မိမိတို့ သည် NLD ပါတီဝင်များ မဟုတ်ဘဲ သာမန်ပြည်သူများသာဖြစ်ကြောင်း၊ အခမ်းအနားတွင်ရရှိသော ရန်ပုံငွေထက် တက်ရောက်လာ သူများ၏ ဒေါ်စုအား ထောက်ခံအားပေးမှုက ပို၍ အရေးကြီးကြောင်း၊ ဒေါ်စု အား Los Angeles အပါအ၀င် နိုင်ငံတကာရောက် မြန်မာမိသားစုများက အပြည့်အ၀ ထောက်ခံအားပေးနေကြောင်း၊ ဒေါ်စုနဲ့ အတူရပ်တည်နေကြောင်းကို ဒီအခမ်း အနားက ပြသနေကြောင်းကို ပွဲစီစဉ်သူ L.A. Organizers for Burma မှ တဦးက ပြောကြားသွားပါသည်။

ဖတ်ကြည့်ချင်သေးလား....

Monday, December 13, 2010

LA honors Daw Suu


ဒီစာကို Select ပေးပြီးရေးပါ...SummaryRest of your post

ဖတ်ကြည့်ချင်သေးလား....

Thursday, November 18, 2010

Literary Talk 2010 Los Angeles

ဖတ်ကြည့်ချင်သေးလား....

Monday, November 15, 2010

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ


ကြွရောက် နားဆင်ကြပါရန် ခင်မင်စွာ ဖိတ်ကြားအပ်ပါသည်။

ဖတ်ကြည့်ချင်သေးလား....

Saturday, November 6, 2010

ခွန်အားဖြည့် မိငယ်

လွတ်လပ်မှု၊ တန်းတူမှု၊ တရားမျှတမှုတည်းဟူသော လောကပါလတရားများ ထွန်းကားရန်အတွက် လှုတ်ရှား ရုန်းကန်နေကြသော မြန်မာပြည်သူများ၊ အထူးသဖြင့် လူငယ် လူရွယ်များ၊ အထူးသဖြင့် L.A. Organizers မှ ညီမငယ်၊ ညီငယ်များ၊ အားလုံး အားလုံးအတွက်...


ဒီစာကို Select ပေးပြီးရေးပါ...SummaryRest of your post

ဖတ်ကြည့်ချင်သေးလား....

Monday, September 20, 2010

၂၀၁၀ စစ်အစိုးရ ရွေးကောက်ပွဲအား တာဝန်အရ ဆန့် ကျင်ကြ




ဖတ်ကြည့်ချင်သေးလား....

Saturday, August 14, 2010

22nd Anniversary of 8888 People Revolution in Burma (Los Angeles, 2010)



ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ ၂၂ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို အယ်အေမြို့ လပွန်းတီအရပ်ရှိ မြန်မာဗုဒ္ဒဘာသာကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားဟာ ရိုးရိုးလေးဖြစ်ပြီး အမှတ်တရ စကားပြောခြင်း၊ ၈၈၈၈ ရည်စူး အမှတ်တရ ကဗျာများရွတ်ဆိုခြင်း၊ ကိုယ်တွေ့ အဖြစ်အပျက်များပြောကြားခြင်းနဲ့ အကျွေးအမွေးဖြင့် ဧည့်ခံခြင်းတို့ ဖြစ်ပါတယ်။ အခမ်းအနားမှာ အထူးအစီအစဉ်အဖြစ် မြန်မာပြည်တွင်း NLD အဖွဲ့ ရဲ့ခေါင်းဆောင်တဦးဖြစ်သော အဘဦးဝင်တင်မှ ဤအခမ်းအနားသို့ ပေးပို့ ထားသော အသံဖိုင်ကို ဖွင့်ပေးခဲ့ပါတယ်။

အခမ်းအနားရဲ့အဓိကထူးခြားချက်က ၈လေးလုံး ၂၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယုံကြည်ချက်ကြောင့် ဖမ်းဆီးအကျဉ်းကျနေသူ ၈၈ မျိုးဆက်ကျောင်းသူကျောင်းသား ၂၀ ဦးအား ဂုဏ်ပြုထောက်ပံ့မှု ပြုလုပ်ခြင်း ဖြစ်ပါတယ်။ အရင်ပြီးခဲ့တဲ့ ဒေါ်စုမွေးနေ့ တုန်းကလဲ မတရားဖမ်းဆီး အကျဉ်းကျနေသူ အမျိုးသမီး ၂၀ ဦးကို အယ်အေမြို့ က ဂုဏ်ပြု ထောက်ပံ့ခဲ့ပြီးဖြစ်ပါတယ်။ ဒီအခမ်းအနားကို ဦးဆောင်ကျင်းပတဲ့ LA Organizers အဖွဲ့ ဝင်တဦးပြောပြချက် အရ LA Organizers အဖွဲ့ ရဲ့ ရည်ရွယ်ချက် ၂ ခုဖြစ်တဲ့ ကျဆုံးသွားသူ အာဇာနည်များအား မမေ့မလျော့ပဲ ဂုဏ်ပြုရေး၊ ဖိနှိပ်မှုများကို မမှုဘဲ အမျိုးသားလွတ်မြောက်ရေးကို ဆက်လက်လုပ်ဆောင်နေ သူများအားလည်း အားပေးကူညီထောက်ပံ့ရေးဆိုတဲ့ ရည်ရွယ်ချက်များ ဒီပွဲလေးမှာ မင်္ဂလာရှိစွာ အထမြောက် ကြောင်း ပြောပြပါ တယ်။

ဖတ်ကြည့်ချင်သေးလား....

Tuesday, July 20, 2010

၂၂ နှစ်မြောက် ၈၈၈၈ အခမ်းအနား (Los Angeles)

ဖတ်ကြည့်ချင်သေးလား....

Thursday, July 8, 2010

88 Generation Students' of Burma: in the memory of 8888 Revolution

ဖတ်ကြည့်ချင်သေးလား....

Friday, July 2, 2010

Daw Suu BirthDay and Burmese Women Day @ LA

ဖတ်ကြည့်ချင်သေးလား....

Tuesday, June 8, 2010

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင့် မြန်မာ့အမျိုးသမီးများနေ့ 

ဖတ်ကြည့်ချင်သေးလား....

Thursday, May 6, 2010

ကျနော်နဲ့ ဘော်ဒါကြီး မလင်ဒို (၁၉၉၀ ၀န်းကျင်၊ ထိုင်းမြန်မာ နယ်စပ် တနေရာ)

photo: Sam Kalayanee

ဒီဓါတ်ပုံလေးကို ပြန်တွေ့ ရတော့ နယ်စပ်က အချို့ နာမည်ပေးတဲ့ အကြောင်းလေးတွေကို ပြန်ပြီး သတိရ မိပါတယ်........

ကျနော်က ပိန်တော့ ကျနော့ကို ကရင်လူမျိုးတွေ (အထူးသဖြင့် ကျနော်တို့ ဆေးခန်းကို လာပြကြတဲ့သူတွေ) က ကျနော့်ကို နောက်ကွယ်မှာ သရာဖားခယ် (ဆရာပိန်)၊ သရာဖားဒို့  (ဆရာကြီး) စသဖြင့် ခေါ်ကြပါတယ်။ ကျနော်ကရင်စကားမတတ်ခင်တုန်းက သူတို့ ဘာပြော နေမှန်းမသိပေမဲ့ နားလည်လာတဲ့အခါ တော်တော်လေး သဘောကျမိပါတယ်။ သူတို့ က ဗမာ နာမည်ကို မပြောတတ်လို့ သူတို့ နားလည်သလို မြန်မြန်နာမည်ပေးတတ်တာကိုပဲ ဘ၀င်တွေ့  မိပါတယ်။ ဆရာပိန်နဲ့ ဆရာကြီး နာမည်နှစ်ခုမှာ ဆရာပိန်ကို ပိုပြီးသဘောကျပါတယ်။ ပိုပြီး ရင်းနှီးတဲ့အငွေ့ အသက်တွေ ပါနေလို့ ပါ။ နောက်နာမည်တမျိုးလဲ ရှိပါသေးတယ်။ အဲဒါက လုပ်ဖော်ကိုင်ဖက် ဆေးခန်းက ရဲဘော်တွေ ကျနော့်ရဲ့ နောက်ကွယ်မှာ ခေါ်တဲ့ နာမည်ပါ။ အဖိုးကြီးတဲ့။ အဓိပ္ပါယ် အမျိုးမျိုးရှိနိုင်ပါတယ်။ ကျနော့်ရဲ့ တင်းကျပ်လှတဲ့ စည်းကမ်းတွေနဲ့  အမြဲ မည်တွန်တောက်တီး အလုပ်မပြတ်အောင်ခိုင်းတတ်တဲ့ ကျနော့်ကို အမြင်ကပ်လို့  ချစ်စနိုးနဲ့ ခေါ်တာလဲ ဖြစ်နိုင်သလို ဆေးခန်းရဲ့ တာဝန်အရှိဆုံးသူမို့ လည်း ခေါ်တာလဲ ဖြစ်နိုင်ပါတယ်။ ဘယ်လို အဓိပ္ပါယ်နဲ့ ခေါ်ခေါ် ကျနော်ကတော့ ကြိုက်ပါတယ်။ နေ့ မြင် ညပျောက်ဖြစ်နေတဲ့ နယ်စပ်လို အစိုးမရတဲ့ နေရာမှာ စည်းကမ်းတကျ မနေတတ်ပါက အချေအနေ မကောင်းဘူးဆိုတာကို အဲဒီ့ဆေးရဲဘော်တွေ အခုအချိန်မှာ နားလည်သဘော ပေါက်ပြီး ကျနော့်ကို ကျေးဇူးမတင်တာတောင်မှ အသိအမှတ်တော့ ပြုနေမှာပါ။

ဖတ်ကြည့်ချင်သေးလား....

Tuesday, April 27, 2010

Three Pagoda Pass, Mon State (1990) ဘုရားသုံးဆူတောင်ကြားက ဒုက္ခများ...

Three Pagoda Pass, Mon State (1990) after military offensive
ဘုရားသုံးဆူ (မွန်ပြည်နယ်) ရွာကို ၁၉၉၀ ခုနှစ်က န၀တ တပ်များ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ နောက် ကျောင်းသားများ၊ ဒေသခံအရပ်သားမွန်လူမျိုးများ ထိုင်းနိုင်ငံဖက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေစဉ် ရိုက်ထားသောပုံ (Photo: Sam Kalayanee)
ထွက်ပြေးလာသော ဒုက္ခရောက်နေသူ အရပ်သားများအား နေစရာမရှိသူ မိမိတို့ ကျောင်းသားအဖွဲ့ က တတ်စွမ်းသရွေ့ ဆေးခန်းဖွင့်ကာ ကုသပေးခဲ့သည်။ နောက်ဖက်က ဆေးခန်းမှာ မိမိတို့ ဖွင့်ပေးထားသော ဆေးခန်းဖြစ်ပြီး လူနာပါးချိန် ဆေးကျောင်းသားစိန်မြင့် (ထိုင်၍ အနားယူနေ)၊ ဒေါက်တာမြင့်ချို (ရေချိုးကာနီး) နှင့် မိမိ (တဖွာနှစ်ဖွာ) တို့ ကို တွေ့ ရစဉ်။ ။

ဖတ်ကြည့်ချင်သေးလား....

Tuesday, April 13, 2010

ဦးဒိုထောင်းဂါ NLD MP နှင့် ဗဟိုကော်မီတီဝင် (၁၉၄၀ - ၂၀၁၀)

Do Thawnga
(1940 – 2010)
Member of Parliament, 1990
Central Committee Member
National League for Democracy Party, Burma


Memorial Service
Los Angeles
April 11, 2010


ဦးဒိုထောင်းဂါ (၁၉၄၀ - ၂၀၁၀)
NLD ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် ဗဟိုကော်မီတီဝင်

မနေ့ က ဒေါက်တာဆလိုင်းလော်မာရဲ့ ဖခင်၊ ကွယ်လွန်သူ ကလေးမြို့  NLD ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဒိုထောင်းဂါ၏ အောက်မေ့ဖွယ်အခမ်းအနားကို မိမိသွားရောက်ခဲ့ပါတယ်။ အခမ်းအနားကို Los Angeles မြို့ အရှေ့ ဖက်အရပ်မှာရှိတဲ့ Alhambra မြို့ ရဲ့ Bethany ဘုရားကျောင်းမှာ ညနေ ၄ နာရီမှ ၆ နာရီထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနားသွားဖို့ စိတ်စောနေတာနဲ့ ကားကလည်းရှင်းနေတာမို့ ၃ နာရီလောက်ရောက်သွား တော့ ဘယ်သူမှ မရှိသေးလို့ ယောင်လည်လည်လုပ်နေရပါတယ်။ တဖြည်းဖြည်းနဲ့ အစားအသောက်များ စတင် ရောက်ရှိလာပါတယ်။ လော်မာရဲ့ ဆွေမျိုးများ၊ ချင်းအမျိုးသား မိတ်ဆွေများ၊ သွားဖက်ဆိုင်ရာဆရာဝန်များ၊ အခြားရင်းနှီးသောမိတ်ဆွေများ၊ နိုင်ငံရေးအသိုင်းအ၀ိုင်းမှ မိတ်ဆွေများ စုစုပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့ ကြပါတယ်။
အောက်မေ့ဖွယ်အခမ်းအနားကျင်းပမယ်လို့ email ရတော့ လော်မာကို ဖုန်းဆက်ပြီး ဘာတွေကူညီရမလဲလို့  မေးပါ တယ်။ သူက “ဘာမှ မလိုဘူး၊ လူသာလာခဲ့ပါ” လို့ ပြောသော်လည်း အသေအချာမေးကြည့်တော့မှ ကွယ်လွန်သူ သူ့ ဖခင်ရဲ့ ဓါတ်ပုံကို ပုံကြီးချဲ့ ဖို့  မလုပ်ရသေးဘူးလို့ သိရတော့ အဲဒါကို ကုသိုလ်ပြုဖို့ ကမ်းလှမ်း တာကို လော်မာက သဘောတူလက်ခံခဲ့ပါတယ်။ တဆက်တည်းမှာပဲ ကွယ်လွန်သူကို ဂုဏ်ပြုတဲ့အနေနဲ့ ပင်နီ အင်္ကျီဝတ်လာဖို့ နဲ့ NLD အလံကိုပါ ယူလာဖို့ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ တကယ်တော့ ကျနော့်ဘ၀တသက်တာမှာ ပင်နီတိုက်ပုံကို ဒီအခမ်းအနားနဲ့ ဆိုရင် ၀တ်ဖူးတာနှစ်ကြိမ်ပဲ ရှိပါသေးတယ်။ ပထမတခါက ကွယ်လွန်သူ နော်လူဝီဇာရဲ့ အောက်မေ့ဖွယ်အခမ်းအနားမှာဖြစ်ပါတယ်။ ပင်နီတိုက်ပုံဝတ်ရတာ အဆင်ပြေပေမဲ့ အင်္ကျီနဲ့ လုံချည်ကိုဝတ်တာကို မမြင်ဘူးတဲ့ မြန်မာမဟုတ်တဲ့ (နိုင်ငံခြားသားတွေ) သူတွေက လာပြီးမေးကြ၊ ကလေးတွေက ပြုံးစိစိနဲ့ ကြည့်ကြတော့ ကျနော့်မှာ စိတ်မသက်မသာ ဖြစ်မိပါတယ်။ ဒါပေမဲ့ ဦးဒိုထောင်းကို ဂုဏ်ပြုဖို့ ဆိုတဲ့ အသိက အဲဒီ့ စိတ်မသက်မသာဖြစ်မှုတွေကို လွယ်လွယ်နဲ့ ချိုးနှိမ်ပေးခဲ့ပါတယ်။ ဟုတ်ပါတယ်။ မိမိ ဦးဒိုထောင်းကို ဂုဏ်ပြုဖို့ အဲဒီ အခမ်းအနား ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
မိမိနှင့်ဆလိုင်းလော်မာ ဦးဒိုထောင်းဂါအား ဦးညွှတ် ဂါဝရပြုနေစဉ်
ဦးဒိုထောင်းရဲ့မိသားစုတွေထဲမှာ ပထမ စပြီးရင်းနှီးတာ လော်မာ မဟုတ်ပါဘူး။ သူ့ အကို ဆလိုင်း ရိုဒိန်း ဖြစ်ပါ တယ်။ မိမိ ၁၉၈၄ မှ ၁၉၈၈ ထိ ရေဆင်းတက္ကသိုလ်မှာ တိမွေးကုပညာ ဆည်းပူးနေစဉ် ရိုဒိန်းနဲ့ ဆုံခဲ့တာ ဖြစ်ပါတယ်။ မိမိတို့  ရန်ကုန်ကနေ ပျဉ်းမနား (ရေဆင်း) ကိုကျောင်းသွားတက်သူတွေဟာ နယ်လာတဲ့သူတွေရဲ့ အတွေ့ အကြုံနဲ့ ရင်းနှီးမှု ကို လိုချင်လို့  နယ်ကလာတက်သူတွေနဲ့ အခန်းဖော်လုပ်လေ့ရှိပါတယ်။ မိမိ အခန်းဖော်က ချင်းအမျိုးသားတဦးဖြစ်သူ ဆလိုင်း တန်ဒါးလျံဖြစ်ပါတယ်။ သူ့ ကို အဆောင်မှာ ချစ်စနိုးနဲ့ ဒါးကြီးလို့ ခေါ်ပြီး သူ့ ဆီကို ရိုဒိန်းက အမြဲလာလယ်တတ်ပါတယ်။ ရိုဒိန်းဟာ ဂီတာတီးကောင်းသူတဦးဖြစ်ပြီး မိမိနဲ့ မကြာခင်မှာပဲ အဖွဲ့ ကျသွားပါတယ်။ ၈ လေးလုံးအရေးအခင်းဖြစ်ပြီးနောက် မိမိလည်း ထိုင်းမြန်မာ နယ်စပ်ကို ရောက်သွားပြီး ပြည်တွင်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားပါတယ်။ အမေရိကားရောက်လို့ လော်မာနဲ့ တွေ့ မှ သူ့ အကို ရိုဒိန်းတယောက် အိန္ဒိယနယ်စပ် အခြေစိုက် NLD ပါတီမှာ ခေါင်းဆောင်ပိုင်း တာဝန် ထမ်းဆောင်နေတယ်လို့ သိရလို့ အံ့သြ၀မ်းသာမိပါတယ်။ ရိုဒိန်းဟာ အေးဆေးတည်ငြိမ်သူ ဖြစ်ပြီး စကားနည်းလို့ NLD မှာ အံဝင်ပါ့ မလားလို့ လဲ မဆီမဆိုင် တွေးပူမိပါတယ်။ ဒါပေမဲ့ ရိုဒိန်းလို ရိုးသားကြိုးစားတဲ့ သူတဦး နိုင်ငံရေးနယ်ပယ်မှာ ရှိ နေတာကို ၀မ်းသာကြည်နူး ဂုဏ်ယူမိပါတယ်။

ဦးဒိုထောင်းဟာ သူ့ ရဲ့ နိုင်ငံရေးခံယူချက်ကြောင့် ထောင်နှစ်ခါ ကျခဲ့ပါတယ်။ ပထမတခါက မြန်မာ့ဆိုရှယ်လစ် ပါတီကို ဝေဖန်မိလို့ ၁၉၇၂ မှ ၁၉၇၄ အထိ မြင်းခြံထောင်မှာ အကျဉ်းကျ ခံခဲ့ရပါတယ်။ NLD အမတ်ဖြစ်လာပြီး နောက် နိုင်ငံခြားက စာအုပ်များကိုတွေ့ ရှိတယ်ဆိုပြီး မတရားတဲ့ဥပဒေတွေနဲ့ တရားစွဲကာ ၁၉၉၆ မှ ၂၀၀၃ အထိ မန္တလေးအိုးဖိုထောင်မှာ ဒုတိယအကြိမ် ထောင်သွင်းအကျဉ်းကျခြင်း ခံခဲ့ရပါတယ်။ မိမိအနေနဲ့  ဦးဒိုထောင်းကဲ့သို့ ကိုယ်ကျိုးစွန့်  အနစ်နာခံပြီး အများကောင်းကျိုးကိုလုပ်ခဲ့တဲ့သူတွေ ကွယ်လွန်သွားတဲ့ အခါ ပြောဖို့  စကားနှစ်ခွန်း ရင်ထဲမှာ အမြဲရှိပါ တယ်။ အဲဒါက… “ဘယ်တော့မှ မမေ့ဘူး” ဆိုတာနဲ့ “ကျေးဇူး တင်ပါတယ်” ဆိုတာ ပါပဲ။ သူတို့ ဟာ လူသာမန်တွေ မဟုတ်ပါဘူး။ လူသေသော်လည်း နာမည်မသေသော သူရဲကောင်းများ ဖြစ်ပါတယ်။ ဒီနေ့ အခမ်းအနားမှာ ခင်မင်ရတဲ့ သူငယ်ချင်းမိတ်ဆွေများလည်းဖြစ်၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များလည်းဖြစ်တဲ့ ညီအကိုနှစ်ဦးရဲ့ဖခင်… NLD ပါတီ ခေါင်းဆောင်တဦးရဲ့ အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ကူညီရတာကိုက အလွန်ပဲ ကြည်နူး ဂုဏ်ယူ မိပါတယ်။
ဦးဒိုထောင်းဟာ စိတ်ဓါတ်ကြံ့ခိုင်ပြီး ဆုံးဖြတ်ချက် ပြတ်သားသူတဦးဖြစ်ပါတယ်။ လော်မာဆီကတဆင့် သူတို့ နေတဲ့ ချင်းပြည်ကအိမ်မှာ NLD ဆိုင်းဘုတ်ကို အခုထိ မဖြုတ်သေးဘူးလို့ သိရတော့ ဦးဒိုထောင်းဟာ ဘယ်တော့မှ ဒူးထောက် အညံ့ခံမဲ့သူ၊ နောက်ဆုတ်အရှုံးပေးမဲ့သူ မဟုတ်ဘူး ဆိုတာကို သိလိုက်ရပါတယ်။ ဒေါ်စုကလည်းသူ့ ကို “သတ္တိခဲ” လို့ နာမည်ပေးခဲ့ပါတယ်။ ဦးဒိုထောင်းဟာ ကျန်းမာရေး တဖြည်းဖြည်း ချို့ ယွင်းလာပြီး နေထိုင်မကောင်း သော်လည်း NLD ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်သင့်ဘူး ဆိုတဲ့ အယူအဆကို အခိုင်အမာ ကိုင်စွဲ ထားသူတဦးဖြစ်ပြီး နောက်ဆုံး သေကာနီးအထိ အစည်းအဝေးတွေခေါ်ကာ ရွေးကောက်ပွဲမ၀င်ဖို့ အတွက် ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ ဒုတိယအကြိမ်ဆေးရုံကဆင်းပြီးနောက် ရွေးကောက်ပွဲကိစ္စကို ဆေးသွင်းတန်းလန်း ဖြင့် အစည်းအဝေးလုပ်နေစဉ် အတွင်းမှာပဲ သူချစ်တဲ့မိသားစုနဲ့ တိုင်းပြည်ကို စွန့် ခွာသွားတာ ဖြစ်ပါတယ်။

ဦးဒိုထောင်းဟာ နောက်ဆုံးထွက်သက် ထွက်သည်အထိ တိုင်းပြည်အပေါ်မှာ တာဝန်ကျေသွားသူတဦး ဖြစ်ပါ တယ်။ သူသာ ယနေ့ ထိ အသက်ရှင်နေဦးမယ်ဆိုရင်...
သူကြုံးဝါးနေမှာက “ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရပ်တည်မယ်” ဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ သွားလေသူ ဦးဒိုထောင်းရဲ့ ဆန္ဒကို ပြည့်ဝအောင် ဖော်ဆောင်ပေးဖို့ … နိုင်ငံရေး အကြပ်အတည်းထဲကိုရောက်နေတဲ့ (မြန်မာပြည်သူများသာမက ကမ္ဘာကပါ လေးစားရတဲ့) ဒေါ်စုကို အားပေးထောက်ခံဖို့ နဲ့  … အခုအချိန်ထိ ဖိနှိပ်မှုတွေကြားက ဆက်လက်ရုန်းကန်တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူပြည်သားများကို ၀ိုင်းရံ အားပေးဖို့ …အတွက် မိမိတို့ အားလုံး… တတ်နိုင်တဲ့ထောင့်တထောင့် တနေရာရာမှ တတပ်တအား ၀ိုင်းဝန်း လုပ်ဆောင်ကြပါလို့  အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။


ဦးဒိုထောင်းဂါ ကောင်းမွန်ရာ ဘုံဘ၀ကို ရောက်ပါစေ။
မတရားသော ၂၀၁၀ ရွေးကောက်ပွဲ ကျဆုံးပါစေ။


We believe Daw Suu and stand with her. Period.

ဒေါင်းဂွင်
Los Angeles

ဖတ်ကြည့်ချင်သေးလား....

Monday, March 29, 2010

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရပ်တည်မည်

ဖတ်ကြည့်ချင်သေးလား....

Thursday, February 4, 2010

Naw Louisa Benson Craig (သို့ ) တာဝန်ကျေခဲ့သူ တယောက်

ကျနော်သိသော နော်လီစာ ဘင်ဆင်

Naw Louisa Benson Craig

(1941 - 2010)

http://www.burmalibrary.org/docs3/karenmuseum-01/personalities.htm#Benson, Naw Louisa


သြဂုတ်လ၊၂၀၀၆ မှာပြုလုပ်ခဲ့သော တိုင်းရင်းသားများစုံညီအစည်းအဝေးမှာ နော်လွီဇာဘင်ဆင်ကိုတွေ့ ရပုံ

(ရှေ့ တန်း ဘယ်ဘက် ၄ယောက်မြောက်)
http://tineyintharvoice.blogspot.com/2010/02/blog-post_4563.html


နာမည် အပြည့်အစုံမှာ နော်လွီဇာ ဘင်ဆင် ခရိုက် (Naw Louisa Benson Criag) ဖြစ်သည်။ မြန်မာတို့ က နော်လွီဇာကို မပီသဖြင့် (တနည်း) အလွယ်ခေါ်သဖြင့် နော်လီစာ ဘင်ဆင် ဖြစ်လာသည်။ သူ့ ကို မြန်မာပြည် တွင်းမှာ အလှမယ်၊ ရုပ်ရှင်မင်းသမီး၊ ကရင်သူပုန်ခေါင်းဆောင်၏မိန်းမ... စသဖြင့် လူသိများသည်။ နယ်စပ်မှာ တော့ ကရင့်တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်သူ၊ ယခင်က ဖျက်သိမ်းခဲ့သော တပ်မဟာ ၅ တမ်မဟာမှူး ဗိုလ်လင်းတင်၏ အိမ်ထောင်ဖက်အဖြစ် လူသိများသည်။ ဗိုလ်လင်းတင်က ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်သော မဲဆောက်ကို ၀င်ရောက်တိုက်ခိုက်ဖူးသဖြင့် အလွန်နာမည်ကြီးသော ကရင်စစ်ဗိုလ်တဦးဖြစ်သည်။


မိမိ ထိုင်း-မြန်မာနယ်စပ်တွင်ရှိနေစဉ် သူမနေထိုင်ခဲ့ရာဇာတိဖြစ်သော တပ်မဟာ ၁ (သထုံခရိုင်) ဒေသရှိ ကျေးရွာကို ရောက်သွားခဲ့သည်။ သူမရွာက မြန်မာစစ်တပ်နှင့်အလွန်နီးကပ်ပြီး သပ်သပ်ရပ်ရပ်ရှိသော ကျေးရွာကြီး တရွာ ဖြစ်သည်။ ကျနော်နှင့်အဖော်ပါလာသူ KNU မှ မိတ်ဆွေများက လှမ်းပြ၍ သူမနေထိုင်ခဲ့သောအိမ်ကို တွေ့ ခဲ့ ရသည်။ တိုက်ဆိုင်စွာပင် သူမနှင့် ကျနော် ၂၀၀၇ ခုနှစ် Los Angeles ၌ ပြုလုပ်သော ရွှေဝါရောင် တော်လှန် ရေး အခမ်းအနားတခုတွင် ပြန်ဆုံဖြစ်သည်။ သူမသည် နိုင်ငံရေးနှင့်ပတ်သက်သော အခမ်းအနားများကို တတ်နိုင်သလောက်လာပြီး စကားပြောလေ့ရှိသည်။ ကရင့်အမျိုးသားအရေးနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီအရေး များကို တတ်နိုင်သလောက် ထောင့်တထောင့် တနေရာမှ လုပ်ဆောင်ခဲ့သော... ဂုဏ်ပြု အသိအမှတ် ပြုထိုက်သော... အမျိုးသမီးတဦး ဖြစ်ပါသည်။


http://www.irrawaddy.org/bur/index.php/news/1-news/2544-2010-02-04-10-28-40

ဖတ်ကြည့်ချင်သေးလား....

Tuesday, January 26, 2010

မြို့ တက် သူပုန်များ

Santa Monica Beach, California, 2008
ABSDF အထွေထွေ အတွင်းရေးမှူး ကိုဆန်နီ
ABSDF တွဲဖက် အတွင်းရေးမှူး ၁ ကိုဆလိုင်းယောအောင်
Los Angeles ကို ရောက်စဉ် Santa Monica Beach ကို အလယ်သွားစဉ်
အမှတ်တရ...

ဖတ်ကြည့်ချင်သေးလား....

Monday, January 4, 2010

NLD (လွတ်မြောက်နယ်မြေ) ဆွေးနွေးပွဲ


ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */