Sunday, November 4, 2007

Boycott Chevron! Support Saffron...



နိုဝင်ဘာလ ၃ ရက်၊ ၂၀၀၇

စနေနေ့ ညနေခင်း...
သာမန်အားဖြင့် တိတ်ဆိပ်နေတတ်တဲ့...မိုးထိအောင်မြင့်မားတဲ့ Westwood ဖက်ဒရယ်အဆောက်အဦးရဲ့ ထောင့်တနေရာက မြက်ခင်းပြင်ရှေ့ မှာ ရောင်စုံအလံများ၊ ပိုစတာများနဲ့ အနီရောင်လူအုပ်ကြီးတစုက ဆိပ်ငြိမ်မှု များကို ဟန့် တားနေပါတယ်။ အဲဒါကတော့ လက်ရှိပြည်တွင်းက မြန်မာနိုင်ငံသားများ အလိုလား အတောင့်တ ဆုံးဖြစ်တဲ့... မြန်မာပြည်တွင်းမှာ မလုပ်နိုင်တဲ့... ဆန္ဒပြပွဲ တခုဖြစ်ပါတယ်။ အနီရောင်ကို ၀တ်လာခြင်းက ပြည်တွင်းက ပြည်သူတွေနဲ့ တထပ်တည်းဖြစ်ပြီး ပြည်တွင်းမှာ မလုပ်နိုင်တဲ့ သာမန်လူ့ အခြေခံ အခွင့်အရေး တခုကို ဒီအနီရောင်လူအုပ်က လာရောက်လုပ်ကိုင်နေခြင်းဖြစ်ပါတယ်။

အဲဒီ့အနီရောင်လူအုပ်ထဲမှာ...USC ကအမေရိကန်ကျောင်းသားများပါဝင်တဲ့ LA-88 အဖွဲ့ ၊ Support the Monks အဖွဲ့ ၊ Amnesty International အဖွဲ့ မှ ကိုယ်စားလှယ်များ၊ LA Organizers မှအဖွဲ့ သားတွေအပြင်... လက်ရှိ ကျောင်းတက်နေတဲ့ တက္ကသိုလ်အသီးသီးမှ ကျောင်းသူကျောင်းသားများ၊ မျိုးချစ်မြန်မာများ၊ စုစုပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲရဲ့ထူးခြားချက်ကတော့ မြန်မာ့အရေးကို အယ်အေက မြန်မာများသာမက အမေရိကန်ကျောင်းသားများကလည်း စိတ်တူကိုယ်တူ Free Burma ကြွေးကြော်သံများနဲ့ တက်ကြွစွာ ပါဝင် ဆင်နွဲခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီ့အဖွဲ့ တွေဟာ တဖွဲ့ နဲ့ တဖွဲ့ ပိုပြီးနားလည်မှုရှိလာပြီး...ရှေ့ လျှောက် လှုတ်ရှားမှု တွေမှာ စုစုစည်းစည်းနဲ့ ဒီထက်ပိုကောင်းတဲ့ အစီအစဉ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ LA Organizer တဦးကပြောပြပါတယ်။

လူလူချင်းနှိပ်စက်နေတာကို သိရက်နဲ့  မသိသလိုနေရင်...ဒါမှမဟုတ်...ဘာမှမပြောပဲနေရင်...အဲဒါကို ထောက်ခံတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဆန့် ကျင် ကန့် ကွက် ဆန္ဒပြကြပါစို့ ။ ကျနော်ကတော့ ဒေါင်းဂွင်ပါ...

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */