Monday, January 30, 2012
Monday, January 16, 2012
cGyfa'gif; tvH
(တေးရေး - မင်းကိုနိုင်)
· အားကြီးမားသူ နိုင်ရာစားထုံးစံ
တောရိုင်းဥပဒေ အခြေခံ
ဓါးရေးထက်သူ ဘုရင်လုပ်စတန်း စနစ်မမှန်
သခင်စိတ်နဲ့ တို့ တော်လှန်
တို့ ပြည်သူ ဟစ်ကြွေးသော ဒို့ အရေးအသံ
တို့ ပြည်သူ လွတ်မြောက်ရေးတေးသံ
တို့ ပြည်သူ တိုက်ပွဲရဲ့ အိုးဝေသံ
· သမိုင်းအဆက်ဆက်မှာ တော်လှန်ရေးဒေါင်းအလံ
ကမ်းလက်ဆက်လို့ သယ်လာအမှန်
တို့ ခေတ်ကြမှ ဘယ်လိုမှ အညံမခံ
သခင်စိတ်နဲ့ တို့ တော်လှန်
တို့ ပြည်သူ ကိုင်စွဲသော ခွတ်ဒေါင်းအလံ
တို့ ပြည်သူ လွတ်မြောက်ရေးရဲ့အလံ
တို့ ပြည်သူ တိုက်ပွဲရဲ့ ခွပ်ဒေါင်းအလံ
တို့ ပြည်သူ ဟစ်ကြွေးသော ဒို့ အရေးအသံ
တို့ ပြည်သူ လွတ်မြောက်ရေးတေးသံ
တို့ ပြည်သူ တိုက်ပွဲရဲ့ အိုးဝေသံ
· အားကြီးမားသူ နိုင်ရာစားထုံးစံ
တောရိုင်းဥပဒေ အခြေခံ
ဓါးရေးထက်သူ ဘုရင်လုပ်စတန်း စနစ်မမှန်
သခင်စိတ်နဲ့ တို့ တော်လှန်
တို့ ပြည်သူ ဟစ်ကြွေးသော ဒို့ အရေးအသံ
တို့ ပြည်သူ လွတ်မြောက်ရေးတေးသံ
တို့ ပြည်သူ တိုက်ပွဲရဲ့ အိုးဝေသံ
တို့ ပြည်သူ ကိုင်စွဲသော ခွပ်ဒေါင်းအလံ
တို့ ပြည်သူ လွတ်မြောက်ရေးရဲ့အလံ
တို့ ပြည်သူ တိုက်ပွဲရဲ့ ခွပ်ဒေါင်းအလံ။ ။
Posted by
Dawn Gwin (ဒေါင်းဂွင်)
at
8:42 PM
0
comments
Monday, December 12, 2011
Monday, August 8, 2011
၈လေးလုံးအမှတ်တရ ကဗျာ
၈လေးလုံးတွင်ကျဆုံးသွားသော သူရဲကောင်းများ၊ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သော လူစွမ်းကောင်းများကို ဤကဗျာဖြင့် ဂုဏ်ပြုလိုက်ပါသည်။
ကွယ်လွန်သူ အမျိုးသားနိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သော ဦးလွင်၏ ဇနီးသည် ဒေါ်မြင့်မြင့်လွင်နှင့်အမှတ်တရ
မိုက်ပါရစေ
လိမ္မာသည်ဆိုခြင်းမှာ...
သူရဲဘောနည်းခြင်း၊
ကြောက်ခြင်း၊
သွေးမရှိခြင်း၊
သတ္တိမွဲခြင်း၊
ဒူးတုန်ခြင်း၊
တကိုယ်ကောင်းကြံခြင်း၊
အမေနှင့်ငါ မာလျှင်ပြီးရောဆိုသော စိတ်ရှိခြင်း၊
ကိုယ့်အိမ်မှ ကိုယ့်အိမ်မှတ်ခြင်း၊
ကိုယ့်အကျိုးစီးပွားတခုတည်းကိုသာကြည့်ခြင်း၊
ရှေ့ လာမည့်ဘေးကို စည်းလုံး၍ ခုခံရမှန်း မသိခြင်း ဖြစ်ပါမူ...
အို...အချင်းတို့ 
ငါတို့ သည် မလိမ္မာလိုပါပြီ၊
မိုက်သာ မိုက်လိုပါ၏၊
ငါတို့ အား မိုက်ခွင့်ကို ပြုကြပါကုန်၊
ငါတို့ မိုက်ပါရစေ။ ။
http://ko-htike.blogspot.com/ မှတဆင့်ကူးယူဖော်ပြသည်။
Posted by
Dawn Gwin (ဒေါင်းဂွင်)
at
9:00 PM
0
comments
Sunday, July 24, 2011
Monday, June 13, 2011
Monday, April 4, 2011
Sunday, December 19, 2010
Los Angeles honors Daw Aung San Suu Kyi and Burma






ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၁၀
Golden Triangle Restaurant, Los Angeles
အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီး တိုင်းပြည်အကျိုးအတွက် အားကျိုးမန်တက် ဆောင်ရွက်နေသော ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုအားပေးထောက်ခံသော ဂုဏ်ပြုညစာစားပွဲနှင့်ရန်ပုံငွေရှာဖွေပွဲကို Los Angeles မြို့ Whittier အရပ်ရှိ Golden Triangle Restaurant တွင် ကျင်းပခဲ့ရာ လူပေါင်း ၂၀၀ ခန့် ခန်းလုံး ပြည့် တက်ရောက် အားပေးဂုဏ်ပြု ခဲ့ကြပါသည်။ မိုးထဲ၊ လေထဲ ဆိုးဝါးလှသောရာသီဥတုဒဏ်ကို မမှုဘဲ တခဲနက် တက်ရောက်အားပေးခဲ့ကြသူများ၊ မလာရောက်နိုင်သော်လည်း တတ်စွမ်းသရွေ့ ရန်ပုံငွေ ထဲ့ဝင်သူ များ၊ အားလုံး အားလုံးကို ဒေါ်စုကိုယ်စား ပွဲစီစဉ်သူ L.A. Organizers အဖွဲ့ က ကျေးဇူးအထူး တင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
အခမ်းအနားကို ကိုပြေငြိမ်းက အဖွင့်အမှာ စကားပြောကြားပြီးဖွင့်လှစ်ပါသည်။ ထို့ နောက်ဒေါ်စုအား အမှတ် တရဂုဏ်ပြုစကားကို တက်ရောက်လာသူတဦးဖြစ်သော ကိုဖုန်းရောင်ဦးက ပြောကြားပေးပါသည်။ ထို့ နောက် အမေရိကန်ပြည်ထောင်စု၊ NLD (လွတ်မြောက်နယ်မြေ) ရဲ့ အတွင်းရေးမှူးလဲဖြစ်ပြီး ယခင်က ဒေါ်စု နှင့် အနီး ကပ်နေထိုင်တာဝန် ထမ်းဆောင် ခဲ့သူလည်းဖြစ်သူ ကိုတိုးလွင်က ဒေါ်စုရဲ့ အနစ်နာခံမှု၊ အမျှော်အမြင်ကြီး မားမှု၊ ရဲစွမ်းသတ္တိရှိမှု၊ ခေါင်းဆောင်ပီသမှုတို့ ကို အမှတ်တရ ဂုဏ်ပြု ပြောကြားသွားခဲ့ပါသည်။ ထို့ နောက် မြန်မာအစား သောက်ပေါင်းစုံပါဝင်သော ညစာစားပွဲ ကို ပျော်ရွှင်စွာစားသောက်ခဲ့ကြပါသည်။ ထို့ နောက် ကိုမော်ကြီးက ညစာ စားပွဲတွင် ရရှိသော အကျိုးအမြတ်ငွေ $2,225 အား NLD အဖွဲ့ အထွေထွေရန်ပုံငွေ အဖြစ် ပေးအပ်သွားမည် ဖြစ်ကြောင်းကျေညာပြီး တက်ရောက်လာကြသူ များနှင့်အလှူငွေထဲ့ဝင်သူများအား ကျေးဇူး တင်စကားပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ပြီးစီးစေခဲ့ပါသည်။
မိမိတို့ သည် NLD ပါတီဝင်များ မဟုတ်ဘဲ သာမန်ပြည်သူများသာဖြစ်ကြောင်း၊ အခမ်းအနားတွင်ရရှိသော ရန်ပုံငွေထက် တက်ရောက်လာ သူများ၏ ဒေါ်စုအား ထောက်ခံအားပေးမှုက ပို၍ အရေးကြီးကြောင်း၊ ဒေါ်စု အား Los Angeles အပါအ၀င် နိုင်ငံတကာရောက် မြန်မာမိသားစုများက အပြည့်အ၀ ထောက်ခံအားပေးနေကြောင်း၊ ဒေါ်စုနဲ့ အတူရပ်တည်နေကြောင်းကို ဒီအခမ်း အနားက ပြသနေကြောင်းကို ပွဲစီစဉ်သူ L.A. Organizers for Burma မှ တဦးက ပြောကြားသွားပါသည်။
Posted by
Dawn Gwin (ဒေါင်းဂွင်)
at
7:01 PM
0
comments












