Friday, November 9, 2012

သွေးမုန်တိုင်းနဲ့ တောလဲသံ



aoG;rkefwdkif;eJ hawmvJo

၈၈ မျိုးဆက်လို့ ပြောရင်တော့ ပြည်တွင်းက ဗကသ၊ မကသ၊ ရကသတွေစုစည်းထားတဲ့ ၈၈ မျိုးဆက်  ကျောင်းသားများ အဖွဲ့ ၊ နယ်စပ်နဲ့ နိုင်ငံတကာမှာ ပြန့် ကျဲနေတဲ့ ABSDF ကျောင်းသားအဖွဲ့ ၊ လူ့ ဘောင်သစ်ပါတီအဖွဲ့ တွေက အဓိကကြမယ်ထင်တယ်။ အခြားအဖွဲ့ နာမည်တွေနဲ့ လှုတ်ရှားမှုတွေ ရှိသော်လည်း ဒီသုံးဖွဲ့ က အဓိကအရေးပါတဲ့လမ်းကြောင်းမှာ ရပ်တည်ခဲ့တယ်။

ဘေးချော်နေတဲ့ အတွေးအခေါ်တွေကို ၈၈ ထဲ ယူမလာပါနဲ့ ။

၈၈ တွေဟာ နိုင်ငံရေးသမားတွေမဟုတ်ဘူး။ ဒါပေမဲ့… နိုင်ငံအတွက် ကိုယ်ကျိုးစွန့်  အနစ်နာခံ လုပ်မဲ့နိုင်ငံရေးသမားတွေကို အမြဲထောက်ခံ ပန့် ပိုး အားပေးနေတဲ့သူတွေဖြစ်တယ်။ အရေးကြီးတဲ့ အချိန်မှာ၊ အန္တာရယ်ရှိတဲ့အချိန်တွေမှာ လမ်းမပေါ် ထွက်ခဲ့တာလဲ သူတို့ ပဲ။

၈၈ တွေဟာ NGO မဟုတ်ဘူး။ ဒါပေမဲ့… တိုင်းပြည်မှာ ဆင်းရဲနေတာတွေ၊ လိုအပ်နေတာတွေများနေ တာမို့  ပြည်သူတွေ ကြားထဲသွားပြီး တတ်စွမ်းသမျှ ပရဟိတကိစ္စတွေကို ကူညီနေတာဖြစ်တယ်။ တနည်း ပြည်သူတွေရဲ့ သားသမီးတွေပဲ ဖြစ်တယ်။

၈၈ တွေဟာ အာဏာရှင်တွေမဟုတ်ဘူး။ ဒါပေမဲ့… သူတို့ ဟာ တော်လှန်ရေးသမားတွေဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကိုပြောင်းဖို့ တော်လှန်နေသူတွေ၊ အပြောင်းအလဲကို ဖန်တီးပေးသူတွေဖြစ်တယ်။ ဒီမိုကရေစီခရီးကြမ်းမှာ အသက်တွေ၊ ဘ၀ကို လမ်းခင်းပေးတာလဲ သူတို့ ပဲ။ သွေးခွဲမှုတွေ၊ ချိမ်းခြောက်မှုတွေကို ရဲဝန့် စွာ ရင်ဆိုင်ခဲ့တဲ့သူတွေဖြစ်တယ်။

ပါဂျောင်မှာ အပြစ်မရှိသူတွေရဲ့ အရိုးတွန်သံတွေကို ကြားနေရတယ်ဆိုရင် ဒေါနတောင်နဲ့ နယ်စပ် တလျောက်မှာ အမိမြေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသွားခဲ့သူတွေရဲ့ အရိုးတွန်သံဟာ ခင်ဗျားတို့  နားတွေ ကွဲသွားလောက်တယ်။ နယ်စပ် တောင်တန်းတွေပေါ်မှာကြားနေတဲ့ အဲဒီ့အရိုးတွန်သံတွေ   ပေါင်းစပ်ပြီးတော့ တောလဲသံကြီးဖြစ်လာလိမ့်မယ်။ ပြီးတော့… ပြည်တွင်းလမ်းမတွေပေါ်မှာ ရက်စက်စွာ ခြေမှုန်းခံခဲ့ရတဲ့ အပြစ်မဲ့သူတွေရဲ့ မခြောက်သေးတဲ့သွေးတွေဟာ မြောင်းတွေထဲက တဆင့် မြစ်တွေဆီရောက်၊ မြစ်တွေထဲကတဆင့် ပင်လယ်ပြင်ကိုရောက်ကာ သွေးမုန်တိုင်းတိုက်ခတ် လိမ့်မယ် (မင်းကိုနိုင်ရဲ့သွေးမုန်တိုင်းကို မှီငြမ်းသည်)။ အရိုးတွန်သံတွေ တချက်တချက်ကြားနေရပေမယ့်၊ ကွက်ကျားမိုးတွေရွာနေပေမယ့်… အဲဒီ့သွေးမုန်တိုင်းနဲ့ တောလဲသံနှစ်ခုဆုံမဲ့ နေ့ ကို ကျူပ်တို့ စောင့်နေ တယ်။ ဒီအသံနှစ်ခုဆုံပြီး တပြိုင်နက်တည်းကြားရမဲ့အသံကြီးဟာ မကောင်းတဲ့မိစ္ဆာတွေကို မောင်းထုတ် မဲ့ တောခြောက်သံပဲဖြစ်လိမ့်မယ်။ ဒါဟာ ၈၈ရဲ့အကြွေးဆပ်သံ၊ ပြည်သူတွေရဲ့ အောင်ပွဲသံပဲဖြစ်တယ်။

'Dpmom;awG[m OD;aESmufxJu vmwmr[kwfbl;/ taoG;tom;xJu/ ESpfvHk;om;xJu/ t&dk;xJuvmwm? 'ga-umifh cHpm;r+awGygw,f? &dk;om;r+awGygw,f? wu,fhtjzpftysufawGygw,f?

ဒေါင်းဂွင်

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */