Friday, November 28, 2008

LA က အမျိုးသားနေ့  စာပေဟောပြောပွဲ



Friday, November 28, 2008

LA က အမျိုးသားနေ့ စာပေဟောပြောပွဲ
အောင်သာငယ်
(ဒီပို့စ်မှာ ဖော်ပြထားသမျှ ဓါတ်ပုံတွေအားလုံးကို - ဘကြီးအောင် -ခေါ်- ကိုအောင်နိုင်လင်း - ရိုက်ကူး ပေးထားကြောင်း အရင်ဆုံး မှတ်တမ်းတင်ပါတယ်)



ကျနော်က စာပေဟောပြောပွဲတွေ အနီးအနားမှာ ရှိရင် သွားနားထောင်တတ်ပါတယ်။ အရမ်း ဝေးတဲ့ နေရာတွေမှာ ဆိုရင်တော့ သွားချင် သော်လည်း မသွားနိုင်ဘူးပေါ့လေ...။ ခုဆို စာပေ ဟောပြောပွဲတွေ နား မထောင်ရတာ အနှစ် ၂၀ တောင် ရှိခဲ့ပါပြီ။ မှတ်မိတာ ကတော့ ၁၉၈၇ က နောက်ဆုံးပဲ ထင်တယ်။ ဆရာ စိန်ခင်မောင်ရီ၊ ဆရာအောင်သင်း နဲ့ နောက် စာရေးဆရာ တယောက်ပါ...။ စိန်လွင်လေးလို့ ထင်တာပဲ... မမှတ်မိတော့ဘူး။ မှတ်မိနေတာကတော့ အဲတုန်းက အဲစာပေဟောပြောပွဲ ကျင်းပရာ မြို့နယ်က မြို့နယ် ပါတီယူနစ် ဥက္ကဌလား အတွင်းရေးမှူးလား မသိပါဘူး စင်ပေါ်မှာ အမှာစကား အတင်း တက်ပြောပါတယ်။ ဆရာ စိန်ခင်မောင်ရီကို သူကပဲ ပရိတ်သတ်နဲ့ မိတ်ဆက် ပေးနေသေး ... မိတ်သာ ဆက်ပေးနေတာ ဆရာ့နံမည်ကိုတောင် သူ မသိပါဘူး။ ဆရာ ... စိန်... ..... ..... ..... အဲ..အဲ... တဲ့ ... ပြီးတော့မှ နောက်ဖက်က စာတမ်းကိုပြန်လှည့်ကြည့်.... စာရေးဆရာ နံမည်တွေ ဖတ်ပြီးတော့မှ ... ခင်မောင်ရီ.... လို့ ဆိုသဗျ...။ အဲလို ပုဂ္ဂိုလ် တယောက်က စင်ပေါ်တက်ပြီး အမှာစကား မိတ်ဆက်စကား ပြောနေသေး...။ ကျနော်တို့မှာတော့ ရင်ထဲမှာ ကျလိ ကျလိနဲ့...။ ဆရာ စိန်ခင်မောင်ရီ ဟောတဲ့ အလှည့်ရောက်တော့ ဆရာက ကလိ သွားပါသေးတယ်... ရုပ်ရှင်တွေမှာ ပါတဲ့ မစိန်ခင် ကိုတော့ ခင်ဗျားတို့ သိမှာပေါ့... ကျနော့် နံမည်ကို မသိရင်... မှတ်ထား ကြပေါ့ဗျာ .... ရီနေသော မစိန်ခင်၏မောင် ... တဲ့... ပရိသတ်ဆို တအုံးအုံးနဲ့... ရီကြရတာပေါ့။ အဲလိုမျိုး ရီလည်း ရီရ... ဗဟုသုတ တွေလည်း ရတဲ့ စာပေ ဟောပြောပွဲတွေနဲ့ ကျနော် ဝေးနေခဲ့တာ ကြာပြီဆိုတော့ LA မှာ လုပ်မယ့် စာပေ ဟောပြောပွဲကိုတော့ ရောက်အောင် သွားဖို့ အားခဲထားတာပါ။ဒီစာပေဟောပြောပွဲကို အမျိုးသားနေ့အထိမ်းအမှတ်အတွက် Mandalay Gazette နဲ့ LA Organisers အဖွဲ့ ပေါင်းပြီး စီစဉ်တာ ဖြစ်ပါတယ်။ ကျနော်ကတော့ သွားနားထောင်ဖို့တင် မကပါဘူး.. ဟောပြောပွဲ အတွက်ပါ ၀ိုင်းဝန်း လုပ်ကိုင်ပေးဖို့ပါ...။ သို့သော်လည်း ကျနော့် အလုပ်က အဲနေ့မှာ မအားဘူး။ ခွင့်လည်း ယူလို့မရတော့ အလုပ်ရှင်ကို စောစောပြန်ဖို့သာ ခွင့်တောင်းလို့ ရပါတယ်။



အပြည့်အစုံဖတ်ရန်...အောင်သာငယ် blog http://aungthange.blogspot.com/2008/11/la.html ကိုသွားပါ။

ဖတ်ကြည့်ချင်သေးလား....

Wednesday, November 19, 2008

NLD လူငယ်အဖွဲ့ နှင့် မိတ်ဆုံစားပွဲ

အားလုံးကို ခင်မင်စွာနှင့် ဖိတ်ကြားအပ်ပါတယ်...

ဖတ်ကြည့်ချင်သေးလား....

Tuesday, November 18, 2008

White House ကျေညာစာတမ်း

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */