Wednesday, November 25, 2009

အယ်အေက အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ

၈၉ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို အယ်အေမြို့ အောင်ဇေခန်းမတွင် ကျင်းပ ခဲ့ရာ အယ်အေမြို့ ရှိ စာပေစိတ်ဝင်စားသူများ၊ ဆန်ဖရန်မှ မိုးမခမီဒီယာမိသားစုများအပါအ၀င် စိတ်ဝင်စားသူ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြပါ တယ်။ အခမ်းအနားကို အယ်အေ အခြေစိုက် LA Organizers for Burma အဖွဲ့ နှင့် မန္တလေးဂေဇတ်သတင်းစာတို့ က ပူးတွဲ ကမကထ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

အခမ်းအနားကို ဒီမိုကရေစီ၊ လူ့ အခွင့်အရေး၊ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများတွင် ကျဆုံးသွားသော အာဇာနည်များ ကို ဂုဏ်ပြုသည့် အနေဖြင့် တမိနစ်ငြိမ်သက်ခြင်းဖြင့် စတင်ခဲ့ပါတယ်။ တပြိုင်နက်တည်းမှာ မြန်မာနိုင်ငံတော် သီချင်းကို ဒေါ်မာမာအေးက ဦးဆောင် သီဆိုခဲ့ပြီး တက်ရောက်လာသော ပရိတ်သတ်များကလည်း သံပြိုင် လိုက်လံသီဆိုခဲ့ကြပါတယ်။

ထို့ နောက် မန္တလေးဂေဇတ်သတင်းစာရဲ့ဥက္ကဌလည်းဖြစ်၊ အောင်ဇေခမ်းမရဲ့ ပိုင်ရှင်လည်းဖြစ်သူ ဒေါက်တာ ဇော်ထွန်းက ဟောပြောမည့်သူများနှင့်တက်ရောက်လာသော ပရိတ်သတ်များအား နှုတ်ခွန်းဆက် ကြိုဆိုစကား ပြောကြားခဲ့ပါတယ်။

ထို့ နောက် ဒေါက်တာအောင်ခင်က LA Organizers အဖွဲ့ ကိုယ်စား အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက် အမှာစကားကို ပြောကြားခဲ့ပါတယ်။

ထို့ နောက် ပထမဆုံးပြောကြားမည့် ဆရာအောင်ဝေးကိုယ်ရေးရာဇ၀င် အကျဉ်းချုပ်ကို ဒေသခံ စာရေးဆရာမ ညိုခက်ကျော်က ပရိတ်သတ်များနှင့် မိတ်ဆက်ပြောကြားပေးခဲ့ပါတယ်။

ထို့ နောက်ဆရာအောင်ဝေးက “ကတိနဲ့ တာဝန်” အကြောင်းဟောပြောရာတွင် “ကတိဆိုတာ ပါးစပ်ကပေးတဲ့ ကတိမတည်ရင် လည်းရတယ်။ ဒါပေမဲ့ ရင်ထဲကလာတဲ့ ကတိ၊ နှလုံးသားထဲက၊ စိတ်ထဲကရည်ရွယ်ထားတဲ့ကတိ ကိုတော့ မဖျက်သင့်။ ဥပမာအားဖြင့်...ငါပြန်လာခဲ့မယ်ဆိုပြီး ပြန်မလာတာ ကိစ္စမရှိ၊ သို့ သော် တိုင်းပြည်ကို ကောင်းအောင်လုပ်မယ်လို့ နှလုံးသားထဲက ပေးထားတဲ့ကတိကိုတော့ တည်ဖို့  လိုတယ်” လို့ ပြောကြားသွားခဲ့ ပါတယ်။ တဆက်တည်းမှာပဲ... “တာဝန်ဆိုတာ ခိုင်းမှလုပ်တဲ့အရာမျိုး မဟုတ်ဘဲ ကိုယ့်အသိစိတ်ဓါတ်နဲ့ လုပ်သင့် တဲ့အချိန်မှာ လုပ်တာမျိုးဟာ သမိုင်းပေးတာဝန်ဖြစ်တယ်” လို့  ပြောသွားခဲ့ ပါတယ်။

ဒုတိယပြောကြားပေးမဲ့ ဆရာမမေငြိမ်းကို ကိုသားကြီး ခေါ် မျိုးချစ်မြန်မာက ပရိတ်သတ်နှင့် မိတ်ဆက်ပေးခဲ့ပါ တယ်။

ဆရာမပြောကြားမဲ့ခေါင်းစဉ်က “ချစ်စိတ်” ဖြစ်နေသောကြောင့် အချစ်အကြောင်းပြောမည်ဟု ပရိတ်သတ်များ က ထင်မှတ်နေကြပါတယ်။ သို့ သော်ဆရာမဟောသောချစ်စိတ်က... လူတဦး တယောက်တွင် ထားသင့်သော စိတ်၊ နိုင်ငံကိုချစ်သောစိတ်၊ အကြောင်း အရာတခုခုကို ချစ်သောစိတ်... အကြောင်းကို ပြောသွားခဲ့ပါတယ်။ စာပေကို တိုးတက်အောင်လုပ်တာပဲဖြစ်ဖြစ်၊ နိုင်ငံကို တိုးတက်ဖို့  လုပ်တာပဲဖြစ်ဖြစ်၊ ဘာပဲလုပ်လုပ် မေတ္တာ အစစ်အမှန် (အချစ်စိတ်) ဖြင့် လုပ်ဆောင်ဖို့  လိုတယ်ဆိုတာကို ဥပမာများနှင့် တင်ပြသွားပါတယ်။

ထို့ နောက် အခမ်းအနားကို ခေတ္တရပ်နားပြီး အားလူးပူရီ၊ ကောက်ညှင်းပေါင်း၊ ဘိန်းမုန့် ၊ လက်ဖက်ရည်တို့ ဖြင့် တက်ရောက်လာသူ များအား ဧည့်ခံကျွေးမွေးခဲ့ပါတယ်။

ထို့ နောက် နောက်ဆုံးပြောကြားမဲ့ နိုင်ငံကျော်အဆိုတော် ဒေါ်မာမာအေးအား သူမကို ကြည်ညိုလေးစားသူတဦး ဖြစ်တဲ့ ဒေါက်တာအောင်မျိုးသန့် က မိတ်ဆက်ပေးခဲ့ပါတယ်။

အင်္ဂလိပ်မြန်စာ စစ်စဖြစ်ပြီးတဲ့ကာလက စပြီး ပေါ်တော်မူခေတ်၊ နယ်ချဲ့ အုပ်စိုးခေတ်၊ တော်လှန်ရေးခေတ်... စသဖြင့် ခေတ်အဆက် ဆက်တွင် ပေါ်ထွန်းခဲ့သော၊ မြန်မာနိုင်ငံအမျိုးသားရေးကို နှိုးဆော်တိုက်တွန်း ပေါ်လွင် စေသော သီချင်းများကို တီးလုံးမပါဘဲ သီဆို သွားခဲ့ပါတယ်။ သမ္ဘာရင့် ဂန္တာဝင် အဆိုတော်တဦး ပီသစွာ ပရိသတ်ကို ဆွဲဆောင်သွားခဲ့ပြီး... ပရိတ်သတ်များဟာ ခေတ်ဟောင်းကို ကိုယ်တိုင်ပြန်ရောက်သွားသလို ခံစားရပါတယ်။

အစီအစဉ်အဆုံးသတ်အနေဖြင့် LA Organizers မှ ကိုပြေငြိမ်းက အခမ်းအနားစီစဉ်သူများကိုယ်စား ကျေးဇူး တင်စကား ပြောကြားခဲ့ ပါတယ်။

ထို့ နောက် ဒေါက်တာဇော်ထွန်းနှင့်ပန်းချီကိုမျိုးအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ဟောပြောခဲ့သူ ဆရာ၊ ဆရာမများအား ဉာဏ်ပူဇော်ခချီးမြှင့်ခဲ့ပါတယ်။

ကိုမော်ကြီးက ဒေါက်တာဇော်ထွန်းအား ကျေးဇူးတင်ဂုဏ်ပြုလွှာပေးအပ်နေစဉ်

ကိုမိုးကျော်က ဆရာမအား ဉာဏ်ပူဇော်ခ ချီးမြှင့်နေစဉ်

မနေးနေးက ဆရာအောင်ဝေး ပေးအပ်နေစဉ်

ကိုသူရက ဒေါ်မာမာအေးအား ပေးအပ်နေစဉ်

ပရိတ်သတ်အနှစ်သက်ဆုံး...အကြိုက်ဆုံးဟောပြောတဲ့သူကတော့... သူတို့ အားလုံး... သုံးဦးစလုံး...ဖြစ်ပါတယ်။

အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ယခုလို စာပေဟောပြောပွဲကို တကူးတကကျင်းပရခြင်းမှာ ငွေကြေး တတ် နိုင်၍ လုပ်ဆောင်နေခြင်းမဟုတ်ပဲ... မြန်မာနိုင်ငံ၏ နေ့ ထူးနေ့ မြတ်တနေ့ ဖြစ်သော အမျိုးသားအောင်ပွဲနေ့ ကို အမှတ်တရ ဂုဏ်ပြုတဲ့အနေဖြင့် လည်းကောင်း၊ နောင်လာနောက်သားများ အမှတ်ရစေရန်ရည်ရွယ်၍ လည်းကောင်း၊ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ နောင်နှစ် စာပေဟောပြောပွဲကိုလည်း ယခုနှစ်ထက် ပိုမိုကောင်းမွန်အောင်ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ပရိတ်သတ် များ စိတ်ဝင်စားဖွယ်ရာ အစီအစဉ်အသစ်များကိုလည်း ထဲ့သွင်းသွားမည်ဖြစ်ကြောင်း... ပွဲစီစဉ်သူ LA Organizers တဦးက ပြော ကြားခဲ့ပါတယ်။

အခမ်းအနားမှူးများဖြစ်တဲ့ ကိုဇော်မင်းအောင်နှင့် မရှင်းရှင်း

ပွဲအပြီးအမှတ်တရ

ပွဲစီစဉ်သူ LA Organizers နှင့် မန္တလေးဂေဇတ် အဖွဲ့ သားများ

ဖတ်ကြည့်ချင်သေးလား....

Wednesday, November 4, 2009

ကျော်သူရဲ့...ဒါဘဲ


ဖတ်ကြည့်ချင်သေးလား....

Sunday, October 18, 2009

ဘာဖြစ်လဲ နာဂစ် (ဇာဂနာ ရဲ့ ကဗျာ)

ဘာဖြစ်လဲ နာဂစ် (ဇာဂနာ) နားထောင်ရန်

***ကောင်းကင်(နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) မှ တဆင့်ကူးယူတင်ပြပါသည်။

ဖတ်ကြည့်ချင်သေးလား....

Friday, October 16, 2009

အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ



ဖတ်ကြည့်ချင်သေးလား....

Saturday, October 10, 2009

အယ်အေ တန်ဆောင်တိုင်ပွဲ



ဖတ်ကြည့်ချင်သေးလား....

မှောင်ရိပ်ခိုမှု

“မှောင်ရိပ်ခိုမှု”


(သရုပ်ဖော် ပန်းချီထိန်လင်း)



ကျုပ်ဒီလိုစကားပြောလိုက်ရင်

ခင်ဗျားတို့က ရှုးချင်ယောင်ဆောင်လိုက်ပြီ


ကျုပ်ဘေးထိုင်နေသူက

ဒီအခန်းလေးထဲ ရောက်တာထက်

သူ့အမေတွက်ဝယ်လာတဲ့ ခေါက်ဆွဲကြော်ထုပ်လေး

သူတို့ စားသွားတာ ဝမ်းနည်းနေရှာတယ်..


တစ်ယောက်သောလူငယ်လေးက

ကျောင်းသားကတ်ဆွဲဖြဲပြီး

စစ်တပ်ထဲဝင်မလားနဲ့ ဒီအထဲသွားမလားမေးခွန်းမှာ

ဒုတိယမေးခွန်းကိုရွေးလိုက်လို့

ဂုတ်ဆွဲခ်ါလာခံခဲ့ရတာ

အရွယ်က ဆွဲခေါ်လာခဲ့သူရဲ့ အကြီးဆုံးသားသာသာ...


အဘကြီးကတော့

အသက်ကြီးလို့မထိန်းနိုင်လို့

လမ်းဘေးမှာအပေါ့သွားမိတုန်းလေး

ဝုန်းခနဲ ဆွဲလာခံရတာ

သားအရွယ်တွေဆဲခံရတာ ရှက်လိုက်တာကွာတဲ့

ဒီလိုနေရာထောင်မှာ ခပ်ပျော့ပျော့စကားပြောကောင်းတုန်း။


ဟိုထောင့်က သူတောင်းစားလေး

စည်ပင်မြေမှာ ငွေဝင်ရှာမိလို့

တာဝန်ရှိသူကြီးများရဲ့

မှတ်လောက်သားလောက် သင်္ခန်းစာထောက်လိုက်တာတဲ့

မပျော်သုံးလပျော်သုံးလ

သေချာတာကတော့

ရှေ့တန်းကိုပေါ်တာပါမယ့်စာရင်းမှာ ထိပ်ဆုံးအဆင့်ခင်ဗျာ...


ကျုပ်ကလား

ကျုပ်လက်ထဲမှာရှိတာထမင်းချိုင့်

ဒီနေ့ကျုပ်ဝင်ငွေက ကျုပ်မယားရဲ့ဆေးဖိုး

ကျုပ်သားကခင်ဗျားအရွယ်

ခင်ဗျားလည်းမြင်တယ် ကျုပ်မှတ်တိုင်ထဲမှာရပ်နေခဲ့ပါတယ်ဆိုတာ...


အခုလိုဆိုလိုက်တော့လည်း

ကျုပ်စကားခင်ဗျားနားလည်သားနဲ့

မှောင်ရိပ်ခိုမှုတဲ့


ဆိုရအောင်ကလည်း

ရေတမံပေါင်း ရှစ်သောင်းလေးထောင်

မိဂါဝပ်သန်းပေါင်းကုဋေ

သတင်းစာမှာ လျှမ်းလျှမ်းဝေနေပါတယ်

တစ်ခုဘဲမေးပါရစေ

ကျုပ်မှောင်ရိပ်ခိုတယ်ဆိုရအောင်

ဘယ်မလဲအလင်းရောင်...


တစ်ညလုံးစစ်ကြောရေးပြောင်းဖို့

အချိန်ကောင်းစောင့်ခံနေရတဲ့ နိုင်ငံရေးသမားလေး

ဒဏ်ရာတွေကြားကဘဲ အဲသလို

ဒဏ်ရာအိုင်းအနာတွေကို တွေ့မိတက်ခေါက်လိုက်သေးရဲ့

ဒဏ်ရာနာမည်က ဘာတဲ့ ”မှောင်ရိပ်ခိုမှု” တဲ့ ...


(ရွက်သစ်)

(….)April 29, 2009.

04:00 am.


ကောင်းကင် (နိုင်ငံပြု အနုပညာ မဂ္ဂဇင်း) မှ တဆင့် ကူးယူတင်ပြပါသည်။

www.kaungkin.com/


ဖတ်ကြည့်ချင်သေးလား....

Friday, October 9, 2009

အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ



ဖတ်ကြည့်ချင်သေးလား....

Burma VJ Vs LA Organizers

၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးအကြောင်းကို ခဲရာခဲဆစ် ရိုက်ကူးခဲ့ကြသော Burma VJ (Video Journalist) များအကြောင်းကို တင်ဆက်ပြသသော Burma VJ movie ကို အယ်အေမြို့ တွင် ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အခမဲ့ပြသခဲ့သည်။ အခမ်းအနားကို LA Organizers for Burma အဖွဲ့ ကစီစဉ်တင်ဆက်ခြင်းဖြစ်ပြီး အယ်အေမြို့ ခံမျိုးချစ်မြန်မာ များ၏ ထောက်ခံမှု၊ sponsor များ၏ အားပေးကူညီမှုတို့ ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

အခမ်းအနားကို အယ်အေရှိ စိတ်ဝင်စားသူ မြန်မာလူမျိုးများ၊ ဒေသခံ အမေရိကန်များ၊ ကျောင်းသူကျောင်းသား များ ရုံ ပြည့်လုနီး တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ အခမ်းအနားမှာ ထင်ထားသည်ထက် အောင်မြင် ကြောင်း၊ ပြည်တွင်းတွင် အခက်အခဲများကြားထဲမှ ယုံကြည်ချက်ကြောင့်ဖြစ်စေ၊ တိုင်းပြည်တိုးတက် ကောင်းစားစေရန်အတွက်ဖြစ်စေ... ဆက်လက်လှုတ်ရှားနေသူများ၊ အထူးသဖြင့် အကျဉ်းကျခံနေရသော ရဟန်းသံဃာများ၊ VJ များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုသောအားဖြင့် ဤ ရုပ်ရှင်ကားကို ပြသခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သီချင်းသီဆိုရန်နှင့် ဒီမိုကရေစီလှုတ်ရှားမှုများတွင် သေဆုံးသွားခဲ့ကြသော အာဇာနည် သူရဲကောင်းများအား မတ်တပ်ရက် ဂုဏ်ပြုနေကြတဲ့ ပရိတ်သက်များ


ကလေးငယ်များလည်း တကယ်ဖြစ်ပျက်နေသော မြန်မာနိုင်ငံအကြောင်းကို အနည်းနဲ့ အများ သိထားသင့်သည်။


အခမ်းအနားသို့ ကြွရောက်လာကြသော ဘုန်းတော်ကြီးများနှင့် LA Organizers များ အမှတ်တရ...


Whittier College က ကိုချစ်မောင်၊ ကျောင်းသားကျောင်းသူများ၊ LA Organizers များနှင့်
ဒေါ်စုရဲ့ Freedom to lead


စိတ်မော၊ လူမော၊ ဒါပေမဲ့... မမောဘူး...


လူက သေးသေး၊ အလှူခံပုံးက ကြီးကြီး...

ဖတ်ကြည့်ချင်သေးလား....

Sunday, August 16, 2009

Burma VJ Movie in L.A



နမူနာကြည့်ရန်

အပြည့်အစုံ သိလိုပါက

ဖတ်ကြည့်ချင်သေးလား....

Wednesday, August 12, 2009

ဟော်လီဝုဒ်က ဒေါ်စုအတွက် ဆန္ဒပြပွဲ





ဒေါ်အောင်ဆန်းစုကြည် ထောင် ၃ နှစ်ချခံရခြင်းအပေါ် မကျေနပ်သော အယ်အေရှိ မြန်မာများက ထုံးစံအတိုင်း စုရုံးရာအရပ်ဖြစ်သည့် ဟော်လီဝုဒ်ရှိ Kodak Theater ရှေ့ ၌ သြဂုတ်လ ၁၁ ရက်နေ့ က ညနေ ၅ နာရီမှ စတင်၍ ဆန္ဒပြခဲ့ကြပါသည်။ ဒေါ်စုကို အမြဲထောက်ခံသော ဒေသခံ အမေရိကန်လူမျိုးများ၊ ကမ္ဘာလှည့် ခရီးသည်များက ဆန္ဒပြပွဲကို အားပေးသောအားဖြင့် ကားဟွန်းသံများ ကြယ်လောင်စွာ တီးပေးခဲ့ကြသည်။ အများအပြားက ဒေါ်စုနောက်ဆုံးအခြေအနေကို စိတ်ဝင်စားစွာ မေးမြန်းခဲ့ကြပြီး ဒေါ်စုအား စာနာသနား ကြောင်းကို စိတ်မကောင်းစွာ ပြောပြကြသည်။ ဆန္ဒပြပွဲကို ညနေ ၆ နာရီခွဲတွင် ကြွေးကျော်သံများဖြင့် အောင်မြင်စွာ အဆုံးသတ်စေခဲ့ပါသည်။ အချိန်မအားလပ်သည့်ကြားထဲက ယခုလို အရေးကြီးသည့်အချိန်တွင် သွေးနီးကာ လာရောက်ဆန္ဒပြကြသော အယ်အေရှိမြန်မာများအား ကျေးဇူးအထူးတင် လေးစားပါကြောင်း ပွဲစီ စဉ်သူ L.A. Organizers for Burma အဖွဲ့ ကအသိအမှတ်ပြု ပြောဆိုသွားကြောင်း သတင်းရရှိပါသည်။


ဓါတ်ပုံ။ ။ ကိုမျိုး (DVB-LA)


ဖတ်ကြည့်ချင်သေးလား....

Monday, August 10, 2009

21st 8888 Ceremony, Los Angeles


၂၁ နှစ်မြောက် ၈လေးလုံး အထိမ်းအမှတ် အခမ်းအနား
Los Angeles, USA

၂၁ နှစ်မြောက် ၈လေးလုံး ပြည်သူ့ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို အယ်အေမြို့ လပွန်းတီ အရပ်ရှိ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ကျင်းပခဲ့ရာ စိတ်ဝင်စားသူများ အများအပြား တက်ရောက် ခဲ့ကြပါသည်။

ပထမပိုင်း အစီအစဉ်အရ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်များက ၈ လေးလုံးအရေးတော်ပုံနှင့် ဒီမိုကရေစီကြိုးပမ်းသည့် ကာလ အတွင်း သေဆုံးသွားခဲ့သူများအား အမျှပေးဝေ ဆုတောင်းခြင်းကို ဗုဒ္ဓဘာသာ ထုံးစံအတိုင်းပြုလုပ်ပေးပါသည်။ ဆရာတော်ကြီးများအား နေ့ ဆွမ်းကပ်ပြီးနောက် အခမ်းအနားသို့ တက် ရောက်လာကြသော ဧည့်သည်များအား နေ့ လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ထို့  နောက် ၈လေးလုံး အခမ်းအနား အဖွင့်စကားကို LA Organizers အဖွဲ့ မှ ကိုပြေငြိမ်းက ပြောကြားခဲ့ပါသည်။ မြန်မာပြည် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးများ ရရှိအောင် ကြိုးပမ်းခဲ့ကြသော တိုက်ပွဲများအတွင်း ကျဆုံးသွားခဲ့ကြသော အာဇာနည် သူရဲကောင်းများအား ဂုဏ်ပြုသည့်အနေဖြင့် တမိနစ်ငြိမ် ဂုဏ်ပြုငြိမ်သက် ပေးကြပါသည်။ ထို့ နောက်နိုင်ငံတော်သီချင်းကို သံပြိုင် သီဆိုခဲ့ကြပါသည်။ ထို့ နောက် ခရစ်ယန်ဘာသာဖြင့် ဆုတောင်းခြင်းကို သိက္ခာတော်ရ တရားဟောဆရာ ဒေးဗစ်ပေါ က ခရစ်ယန် ဘာသာထုံးစံအတိုင်း ဆုတောင်း ပေးပါသည်။ ထို့ နောက် အစ္စလမ်ဘာသာဝင် ကိုမျိုးမြင့်အောင် ၈ လေးလုံးအတွေ့ အကြုံနှင့်ဘာသာရေး ခွဲခြား နှိပ်ကွပ်မှုအကြောင်းကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ ထို့ နောက် ၈ လေးလုံးနေ့  ရန်ကုန်မြို့ အတွေ့ အကြုံ၊ စက်တင်ဘာလ အာဏာသိမ်းပြီး ပစ်ခတ်မှုနှင့် ၈၈ မျိုးဆက်ကျောင်းသားများအကြောင်းကို ကိုသူရက တင်ပြဆွေးနွေးခဲ့ပါသည်။ ၈လေးလုံးည အပြစ်မဲ့ ပြည်သူများနှင့်ကျောင်းသားများ သွေးမြေခခဲ့ရပုံ ကိုယ်တွေ့  ဖြစ်ရပ်ကို ကိုဖုန်းရောင်ဦးက ပြန်ပြောင်း ပြောဆိုခဲ့ပါသည်။ ထို့ နောက် ကိုမင်းကိုနိုင်၏ သစ္စာကဗျာ ကို ကိုမိုးကျော်ပြည်စိုးက ဖတ်ကြားပြီး ကိုမင်းကိုနိုင်ရေးစပ်ပြီး ကိုမွန်းအောင်သီဆိုသော သွေးမုန်တိုင်းသီချင်းကို ဖွင့်လှစ်ဂုဏ်ပြုပါသည်။ ထို့ နောက် တက်ရောက်လာသူများအား ပွဲစီစဉ်သူများကိုယ်စား ကျေးဇူးတင်စကားကို L.A. Organizers မှ ကိုမော်ကြီးက ပြောဆိုပေးပါသည်။ ထို့ နောက် ကြားဖြတ်အစီအစဉ်အရ ဦးဖရင့်သောင်းဦး က အခမ်းအနားကို ဦးစီးကျင်း ပပေးသည့် LA Organizers အဖွဲ့ အား ချီးမွမ်း ဂုဏ်ပြု ပြောဆိုခဲ့ပါသည်။ အခမ်းအနားကို နေ့ လည် ၂ နာရီ တွင် အောင်မြင်စွာ ပြီးဆုံးစေခဲ့ပါသည်။

အခမ်းအနားအပြီး ပွဲစီစဉ်သူများကပြောပြသည်မှာ ဤသို့ အခမ်းအနားများကို စဉ်ဆက်မပြတ် ပြုလုပ်ရခြင်းမှာ... ပြည်တွင်းရှိပြည်သူများလွတ်လပ်စွာမကျင်းပနိုင်သော အခမ်းအနားကို ပြည်တွင်းမှ ပြည်သူများကိုယ်စား ကျင်းပရခြင်းဖြစ်ကြောင်း၊ အရေးအခင်းများတွင် ကျဆုံးသွားခဲ့ရသူများအား ဂုဏ်ပြုသည့်အနေဖြင့်ပြုလုပ်ရခြင်း ဖြစ်သည့်အပြင် ၎င်းတို့ ကိုယ်ကျိုးစွန့် မှုများ အကျိုးမဲ့မဖြစ်စေရန်အတွက် မပြီးပြတ်သေးသော ဒီမိုကရေစီ ပန်းတိုင်အား အောင်မြင်သည်အထိ ဆက်လက်လုပ်ဆောင်သွားရန်အတွက် အယ်အေရှိ မြန်မာပြည်သူများကို နှိုးဆော်သည့်အနေဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးယခုလိုအရေးကြီးနေသည့်အပေါ် အယ်အေရှိ ပြည်သူများ လက်ရှိနိုင်ငံအရေးကိုမျက်ခြေမပြတ် စောင့်ကြည့်သင့်ပြီး ပြည်ပရှိပြည်သူများက ပြည်တွင်းလှုတ်ရှား မှုများကို အားပေးထောက်ခံသည့်လုပ်ဆောင်မှုများကို အစဉ်မပြတ် ပြုလုပ်ပေးသင့်ကြောင်း တိုက်တွန်း ပြော ကြားသွားခဲ့ပါသည်။

ဓါတ်ပုံ။ ။ မောင်မျိုး (DVB-LA)




ဖတ်ကြည့်ချင်သေးလား....

Tuesday, July 28, 2009

21st Anniversary 8888 Ceremony

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */