Friday, October 9, 2009

Burma VJ Vs LA Organizers

၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေးအကြောင်းကို ခဲရာခဲဆစ် ရိုက်ကူးခဲ့ကြသော Burma VJ (Video Journalist) များအကြောင်းကို တင်ဆက်ပြသသော Burma VJ movie ကို အယ်အေမြို့ တွင် ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အခမဲ့ပြသခဲ့သည်။ အခမ်းအနားကို LA Organizers for Burma အဖွဲ့ ကစီစဉ်တင်ဆက်ခြင်းဖြစ်ပြီး အယ်အေမြို့ ခံမျိုးချစ်မြန်မာ များ၏ ထောက်ခံမှု၊ sponsor များ၏ အားပေးကူညီမှုတို့ ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

အခမ်းအနားကို အယ်အေရှိ စိတ်ဝင်စားသူ မြန်မာလူမျိုးများ၊ ဒေသခံ အမေရိကန်များ၊ ကျောင်းသူကျောင်းသား များ ရုံ ပြည့်လုနီး တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ အခမ်းအနားမှာ ထင်ထားသည်ထက် အောင်မြင် ကြောင်း၊ ပြည်တွင်းတွင် အခက်အခဲများကြားထဲမှ ယုံကြည်ချက်ကြောင့်ဖြစ်စေ၊ တိုင်းပြည်တိုးတက် ကောင်းစားစေရန်အတွက်ဖြစ်စေ... ဆက်လက်လှုတ်ရှားနေသူများ၊ အထူးသဖြင့် အကျဉ်းကျခံနေရသော ရဟန်းသံဃာများ၊ VJ များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုသောအားဖြင့် ဤ ရုပ်ရှင်ကားကို ပြသခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သီချင်းသီဆိုရန်နှင့် ဒီမိုကရေစီလှုတ်ရှားမှုများတွင် သေဆုံးသွားခဲ့ကြသော အာဇာနည် သူရဲကောင်းများအား မတ်တပ်ရက် ဂုဏ်ပြုနေကြတဲ့ ပရိတ်သက်များ


ကလေးငယ်များလည်း တကယ်ဖြစ်ပျက်နေသော မြန်မာနိုင်ငံအကြောင်းကို အနည်းနဲ့ အများ သိထားသင့်သည်။


အခမ်းအနားသို့ ကြွရောက်လာကြသော ဘုန်းတော်ကြီးများနှင့် LA Organizers များ အမှတ်တရ...


Whittier College က ကိုချစ်မောင်၊ ကျောင်းသားကျောင်းသူများ၊ LA Organizers များနှင့်
ဒေါ်စုရဲ့ Freedom to lead


စိတ်မော၊ လူမော၊ ဒါပေမဲ့... မမောဘူး...


လူက သေးသေး၊ အလှူခံပုံးက ကြီးကြီး...

No comments:

 
/* EOT ----------------------------------------- */