Thursday, May 6, 2010

ကျနော်နဲ့ ဘော်ဒါကြီး မလင်ဒို (၁၉၉၀ ၀န်းကျင်၊ ထိုင်းမြန်မာ နယ်စပ် တနေရာ)

photo: Sam Kalayanee

ဒီဓါတ်ပုံလေးကို ပြန်တွေ့ ရတော့ နယ်စပ်က အချို့ နာမည်ပေးတဲ့ အကြောင်းလေးတွေကို ပြန်ပြီး သတိရ မိပါတယ်........

ကျနော်က ပိန်တော့ ကျနော့ကို ကရင်လူမျိုးတွေ (အထူးသဖြင့် ကျနော်တို့ ဆေးခန်းကို လာပြကြတဲ့သူတွေ) က ကျနော့်ကို နောက်ကွယ်မှာ သရာဖားခယ် (ဆရာပိန်)၊ သရာဖားဒို့  (ဆရာကြီး) စသဖြင့် ခေါ်ကြပါတယ်။ ကျနော်ကရင်စကားမတတ်ခင်တုန်းက သူတို့ ဘာပြော နေမှန်းမသိပေမဲ့ နားလည်လာတဲ့အခါ တော်တော်လေး သဘောကျမိပါတယ်။ သူတို့ က ဗမာ နာမည်ကို မပြောတတ်လို့ သူတို့ နားလည်သလို မြန်မြန်နာမည်ပေးတတ်တာကိုပဲ ဘ၀င်တွေ့  မိပါတယ်။ ဆရာပိန်နဲ့ ဆရာကြီး နာမည်နှစ်ခုမှာ ဆရာပိန်ကို ပိုပြီးသဘောကျပါတယ်။ ပိုပြီး ရင်းနှီးတဲ့အငွေ့ အသက်တွေ ပါနေလို့ ပါ။ နောက်နာမည်တမျိုးလဲ ရှိပါသေးတယ်။ အဲဒါက လုပ်ဖော်ကိုင်ဖက် ဆေးခန်းက ရဲဘော်တွေ ကျနော့်ရဲ့ နောက်ကွယ်မှာ ခေါ်တဲ့ နာမည်ပါ။ အဖိုးကြီးတဲ့။ အဓိပ္ပါယ် အမျိုးမျိုးရှိနိုင်ပါတယ်။ ကျနော့်ရဲ့ တင်းကျပ်လှတဲ့ စည်းကမ်းတွေနဲ့  အမြဲ မည်တွန်တောက်တီး အလုပ်မပြတ်အောင်ခိုင်းတတ်တဲ့ ကျနော့်ကို အမြင်ကပ်လို့  ချစ်စနိုးနဲ့ ခေါ်တာလဲ ဖြစ်နိုင်သလို ဆေးခန်းရဲ့ တာဝန်အရှိဆုံးသူမို့ လည်း ခေါ်တာလဲ ဖြစ်နိုင်ပါတယ်။ ဘယ်လို အဓိပ္ပါယ်နဲ့ ခေါ်ခေါ် ကျနော်ကတော့ ကြိုက်ပါတယ်။ နေ့ မြင် ညပျောက်ဖြစ်နေတဲ့ နယ်စပ်လို အစိုးမရတဲ့ နေရာမှာ စည်းကမ်းတကျ မနေတတ်ပါက အချေအနေ မကောင်းဘူးဆိုတာကို အဲဒီ့ဆေးရဲဘော်တွေ အခုအချိန်မှာ နားလည်သဘော ပေါက်ပြီး ကျနော့်ကို ကျေးဇူးမတင်တာတောင်မှ အသိအမှတ်တော့ ပြုနေမှာပါ။

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */