Thursday, August 9, 2007

"ရှစ်ဆယ့်ရှစ် မျိုးဆက်သစ်”

ဖိနှိပ်မှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု အမျိုးမျိုးကြားမှ သတ္တိ ရဲဝန့် စွာ ဆက်လက်လှုတ်ရှားနေကြသော ၈၈ မျိုးဆက်ကျောင်းသားများကို အောက်ပါကဗျာလေးဖြင့် ဂုဏ်ပြုလိုက်ပါတယ်...

မျိုးဆက်သစ်ရဲ့  စေတနာ
"ရှစ်ဆယ့်ရှစ် မျိုးဆက်သစ်”တဲ့ ...

တခေတ်ထူမဲ့ လူငယ်များ
သမိုင်းထဲက မွေးလို့ ဖွား
သွေးသစ်အားလောင်းပြီတကား။

မင်းကိုနိုင်တို့  ဆိုစကား
သစ္စာတရား မေတ္တာပျား
မထောင်မလွှား မယောင်မှား
စိန်ခေါ်သံနှင့် မာန်မကြွား
ဣနြေ္ဒရရ ချိန်ဆဆနှင့်
စိန်တမျှလို ထွင်းဖောက်သွား
လေးစားဖွယ်ပါ ကလား။

တို့ တိုင်းတို့ ပြည် ကောင်းစေသား
စေတနာနဲ့  မေတ္တာထား
ညှိညှိနှိုင်းနှိုင်း ၀ိုင်းပါလား
မရိုင်းလေဘု သူတို့ စကား
မင်းတို့ စဉ်းစား ငါစဉ်းစား
နိုင်ငံအကျိုး မျှော်ထောက်ထား
ထောက်ခံကြစို့ လား။

တင်မိုး
၂၀၊ ၁၊ ၂၀၀၇
(ဆရာကြီးမကွယ်လွန်မီ ရေးသွားသောကဗျာ)

No comments:

 
/* EOT ----------------------------------------- */