Sunday, September 2, 2007

ရင်ထဲက ကျေးဇူးစကား


ဤ LA ဆန္ဒပြပွဲ ဖြစ်မြောက်ရေးအတွက်...

အခက်အခဲ၊ မအားလပ်သည့်ကြားထဲက ၎င်းတို့ ၏ ငွေတမျှ တန်ဖိုးကြီးလှသောလုပ်အား၊ ရှားပါးသောအချိန်၊ အရေးကြီးသောအလုပ်ကို ခွင့်တောင်း၊ ကျောင်းပျက်ချိန်အချို့ ကို မသုံးချင်ပဲသုံးကာ ဆန္ဒပြပွဲသို့  မပျက်မကွက် လာရောက်ခဲ့ကြတဲ့ LA ၏ အမျိုးချစ် မြန်မာများ...

အချိန်တိုကာလအတွင်း... အိပ်ဖွင့်ပို့ စာအတွက် မမောမပန်း ဆက်သွယ်၊ ခေါင်းကိုက်ခံကာ ရေးသား၊ ဒေသခံ ပုလိပ်နှင့်အာဏာပိုင်များကို အသိပေး၊ လက်ကမ်းစာစောင်နှင့် ပိုစတာများကို မငြီးမညူ လုပ်ပေးခဲ့ကြတဲ့ ရဲဘော်ရဲဘက်များ...

နေပူဒဏ်ကိုမမှု၊ ပင်ပန်းသည်ကို သတိမရ၊ အရေးကြီးသဖြင့် သွေးနီးကြတဲ့... တိုင်သမျှကို တက်ကြွစွာ အဖောက်ညီညီ ၀ိုင်းဝန်းအော်ဆိုကာ ရင်တွင်းက ဆန္ဒများ ထုတ်ဖော်ခဲ့ကြသူများ...

ဗီဒီယို၊ ဓါတ်ပုံရိုက်၊ သတင်း၊ မီဒီယာနှင့် You Tube တွင် နေ့ ချင်း၊ ညချင်းပြီးအောင် အိပ်ရေးပျက်ခံကာ ခိုင်းတာလို့ မမြင်၊ တာဝန်တခုရယ်လို့ ယူဆကာ လုပ်ကိုင်ပေးခဲ့ကြသူများ... အချိန်တို တခဏလေးမှာပဲ ဓါတ်ပုံ နှင့်သတင်းကို အင်တာနက်၌ တင်ပေးခဲ့ကြတဲ့ မီဒီယာမှ ပုဂ္ဂိုလ်များ...

အကြောင်းအမျိုးမျိုးကြောင့် လူကိုယ်တိုင် မလာနိုင်သော်လည်း စိတ်အား၊ နှုတ်အားဖြင့် အားပေးခဲ့ကြတဲ့
မိတ်ဆွေများ...

တိုင်းပြည်ချစ်စိတ်သက်သက်ဖြင့်... အဖွဲ့ အစည်းစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အုပ်စုစွဲမထား၊ လိုအပ်တာ မှန်သမျှ အားလုံးကို ၀န်းရံ ပံ့ပိုးပေးခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက် LA Organizers များ...

အားလုံး၊ အားလုံး၊ အားလုံးကို... ဤနေရာမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ရင်ထဲမှ ပြောဆိုပါရစေ...

စီစဉ်သူများ
စက်တင်ဘာ ၁ ရက်၊ ၂၀၀၇

No comments:

 
/* EOT ----------------------------------------- */