Friday, February 15, 2008

ကျနော်သိသော ဖဒိုမန်းရှာ

အချိန်က ၁၉၉၅ ခုနှစ်၊ မိမိ ချင်းမိုင် အမျိုးသားကျန်းမာရေးရုံး၌ တာဝန်ကျနေချိန်...မှတ်မှတ်ရရ ဖဒိုမန်းရှာ ကလည်း KNU ၏ တွဲဖက်အတွင်းရေးမှူးဖြစ်နေချိန်...သူက အလုပ်ကိစ္စဖြင့် ချင်းမိုင်သို့  တခါတခါ ရောက်လာ တတ်သည်။ KNU ၏ အဆင့်မြင့် ခေါင်းဆောင်တဦးဖြစ်သော်လည်း ရုံးရောက်လာလျင် စွပ်ကျယ်လက်ပြတ် ဖြင့် သူလုပ်စရာ ရှိတာတွေကို ကုန်းလုပ်နေသူ၊ အစားအသောက်ကလည်း ဂျီးမများ...ရုံးမှာ ရှိတာနဲ့ စားသွားသူ၊ တခြားသူများလိုမဟုတ်ဘဲ အပြင်ကို ထွက်လယ်ခဲသူ၊ တော်လှန်ရေး ရဲဘော်များနှင့် တသားတည်းဖြစ်အောင် နေတဲ့သူ...

လောကတွင် လူကောင်းများမှာ ဖုန်းကြီးသော်လည်း သက်မရှည်...ဖဒို ကောင်းရာမွန်ရာ ရောက်ပါစေ...

1 comment:

Anonymous said...
This comment has been removed by a blog administrator.
 
/* EOT ----------------------------------------- */