Sunday, October 7, 2007

ရင်ထဲက ကျေးဇူးစကား (၂) (သို့ ) ၀တ်ပြုဆုတောင်းပွဲ



ပြီးခဲ့တဲ့ အောင်မြင်စွာ ပြီးဆုံးသွားတဲ့ ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲမှာ ကျေးဇူးတင်ထိုက်တဲ့သူတွေကို ကျေးဇူးတင်ချင်ပါတယ်။ တကယ်တော့ ဒီဆုတောင်းပွဲဟာ ဘော်ဒွင်ပတ်ဘုန်းကြီးကျောင်း နိဗ္ဗာန်ဈေးရောင်းပွဲနဲ့ တိုက်နေပြီး အရေးကြီးတဲ့အချိန်လည်းရောက်နေတာမို့  ဈေးရောင်းပွဲအပြီး တဆက်တည်းလုပ်ဖို့ စီစဉ်ဖြစ်ခဲ့ တာပါ။ ကျေးဇူးတင်ထိုက်တဲ့သူတွေကို ကျေးဇူးတင်ရမယ်ဆိုရင်...

ဆုတောင်းပွဲနေရာကို ဈေးရောင်းပွဲနေရာမှာ တဆက်တည်းလုပ်ခွင့်ပေးတဲ့အပြင် ဆုတောင်းပွဲ အစီအစဉ်ကို ပုံဖော်ပေးခဲ့တဲ့ ဘော်ဒွင်ပတ် ဆရာတော် ဦးဂုဏိစာရ၊

ဆုတောင်းပွဲသို့ စုံညီစွာ တက်ရောက်၍ မြန်မာပြည် ငြိမ်းချမ်းရေး ဆုတောင်းမေတ္တာပို့ သကြသော အယ်အေရှိ ကျောင်းပေါင်းစုံမှ ဘုန်းတော်ကြီးများ၊ ခရစ်ယန်၊ အစ္စလမ်နှင့်အခြားဘာသာဝင်များ...

အခမ်းအနားအတွက် ပိုစတာ၊ ဓါတ်ပုံ၊ ခေါင်းစီးစာတန်းများကိုကူညီခဲ့တဲ့ SCB (Students Concerned for Burma) အဖွဲ့ မှ ကျောင်းသူကျောင်းသားများ၊

အထူးသဖြင့်... ဈေးဝယ်၊ ချက်ပြုတ်လို့  တမနက်လုံးဈေးရောင်းပြီး ဆုတောင်းပွဲပြီးချိန်ထိ စိတ်ရှည်စွာ
စောင့်ဆိုင်းပေးခဲ့တဲ့ နိဗ္ဗာန်ဈေး အလှူရှင်များ၊

ဆုတောင်းပွဲအမှီ အပြေးလာရောက်ကြသော ရပ်နီးရပ်ဝေးမှ မျိုးချစ်မြန်မာများ...

အလှူငွေများကို ရက်ရောစွာ ထည့်ဝင်သွားကြတဲ့ ကုသိုလ်ရှင်များ...

အခမ်းအနား အစမှအဆုံး ၀ိုင်းဝန်းလုပ်ဆောင်ပေးခဲ့ကြတဲ့ LA Organizers များ၊ သူငယ်ချင်းများ၊ ကျောင်းပေါင်းစုံမှ ကျောင်းသူကျောင်းသားများ...အားလုံးကို ရင်ထဲမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း...အထူးသဖြင့်...တိုတောင်းလှတဲ့အချိန်အတွင်းမှာ စီစဉ်ခဲ့ရ၍ ချို့ ယွင်းချက်၊ အားနည်းချက်များကို နားလည် ခွင့်လွှတ်ပေးတဲ့အပြင်...ပြည်တွင်းရှိမြန်မာနိုင်ငံသားများနဲ့  တစိပ်တ၀မ်းတည်း၊ တထပ်တည်းဖြစ်ကြောင်းကို အကျီ င်္အနီရောင်ဆင်တူဝတ်ဆင်ကာ ဆုတောင်းခဲ့ကြတဲ့ အယ်အေက မြန်မာများကို ဂုဏ်ယူလေးစား၍ ကျေးဇူးအထူးတင်ရှိပါကြောင်း...ရင်ထဲက ပြောဆိုပါရစေ...
စီစဉ်သူများ

No comments:

 
/* EOT ----------------------------------------- */