
သပိတ်မှောက်ကံဆောင်ရာတွင်…ဘုန်းကြီးများသာမက ပြည်သူလူထုကလည်း သပိတ်မှောက်ရန်လိုသည်…ပမာအားဖြင့်… အစိုးရထုတ် သတင်းစာ ၀ယ်မဖတ်ဖို့ … အစိုးရပြောသောစကားများကို နားမထောင်ဖို့ … အစိုးရကို ဥပေက္ခာပြုပစ်ဖို့ …
ရဲဘော်ရဲသော်မသေ… သေသော်ငရဲမလားဆိုတာ…တိုင်းပြည် ပြည်သူကို ချစ်သော…ကာကွယ်သော ရဲဘော်များ သေရင် ငရဲ မကျ… ပြည်သူကို သတ်သော…သံဃာကိုသတ်သော ရဲဘော်များကတော့…အ၀ီဇိကို ကျလိမ့်မည်။
အသိဉာဏ်ရှိသောနိုင်ငံများတွင် အာဏာရှင် မရှိ…ထို့ ကြောင့်ပြည်သူများကို အသိဉာဏ်ပွင့်လင်းစေရန် နိုင်ငံရေးသမားများက အမြဲတမ်း ပြောပြနေရန်လိုသည်…
စစ်နည်းဗျူဟာ ဘယ်လိုသာလည်း…စွဲကိုင်လက်နက် ဘယ်လို ထက်လည်း…ပြည်သူ့ နှလုံး မသိမ်းကြုံးလျှင်…ပြည်သူ့ ခွန်အား မကိုးစားလျှင်…ဓါးသွားလည်းကြွေ…လှံလည်းခွေအံ့...
သာသနာ့ အရေး…ဒို့ အရေးပေ…ဆရာရော ဒကာရော မလျော့သော စိတ်တွေ…ဘယ်အန္တာရယ်မျိုး ထိုးဖောက်လာစေ…ဒို့ မမှု ပေါင်းစုကာကွယ်မလေ… သာသနာအရေး…ဒို့ အရေးပေ…
စစ်အစိုးရကို ထောက်ခံသူတွေ ကံကြီးထိုက်မယ်။
နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွှတ်ကြပါ။
ဦးကောဝါဒ (မစိုးရိမ်ဆရာတော်ကြီး)
သာသနာ့မောဠိအဖွဲ့၊ ပဓာန နယကဆရာတော်
No comments:
Post a Comment