ကျနော်သိသော နော်လီစာ ဘင်ဆင်
Naw Louisa Benson Craig
(1941 - 2010)

http://www.burmalibrary.org/docs3/karenmuseum-01/personalities.htm#Benson, Naw Louisa

သြဂုတ်လ၊၂၀၀၆ မှာပြုလုပ်ခဲ့သော တိုင်းရင်းသားများစုံညီအစည်းအဝေးမှာ နော်လွီဇာဘင်ဆင်ကိုတွေ့ ရပုံ
(ရှေ့ တန်း ဘယ်ဘက် ၄ယောက်မြောက်)
http://tineyintharvoice.blogspot.com/2010/02/blog-post_4563.html
နာမည် အပြည့်အစုံမှာ နော်လွီဇာ ဘင်ဆင် ခရိုက် (Naw Louisa Benson Criag) ဖြစ်သည်။ မြန်မာတို့ က နော်လွီဇာကို မပီသဖြင့် (တနည်း) အလွယ်ခေါ်သဖြင့် နော်လီစာ ဘင်ဆင် ဖြစ်လာသည်။ သူ့ ကို မြန်မာပြည် တွင်းမှာ အလှမယ်၊ ရုပ်ရှင်မင်းသမီး၊ ကရင်သူပုန်ခေါင်းဆောင်၏မိန်းမ... စသဖြင့် လူသိများသည်။ နယ်စပ်မှာ တော့ ကရင့်တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်သူ၊ ယခင်က ဖျက်သိမ်းခဲ့သော တပ်မဟာ ၅ တမ်မဟာမှူး ဗိုလ်လင်းတင်၏ အိမ်ထောင်ဖက်အဖြစ် လူသိများသည်။ ဗိုလ်လင်းတင်က ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်သော မဲဆောက်ကို ၀င်ရောက်တိုက်ခိုက်ဖူးသဖြင့် အလွန်နာမည်ကြီးသော ကရင်စစ်ဗိုလ်တဦးဖြစ်သည်။