နမူနာကြည့်ရန်
Sunday, August 16, 2009
Wednesday, August 12, 2009
ဟော်လီဝုဒ်က ဒေါ်စုအတွက် ဆန္ဒပြပွဲ
ဒေါ်အောင်ဆန်းစုကြည် ထောင် ၃ နှစ်ချခံရခြင်းအပေါ် မကျေနပ်သော အယ်အေရှိ မြန်မာများက ထုံးစံအတိုင်း စုရုံးရာအရပ်ဖြစ်သည့် ဟော်လီဝုဒ်ရှိ Kodak Theater ရှေ့ ၌ သြဂုတ်လ ၁၁ ရက်နေ့ က ညနေ ၅ နာရီမှ စတင်၍ ဆန္ဒပြခဲ့ကြပါသည်။ ဒေါ်စုကို အမြဲထောက်ခံသော ဒေသခံ အမေရိကန်လူမျိုးများ၊ ကမ္ဘာလှည့် ခရီးသည်များက ဆန္ဒပြပွဲကို အားပေးသောအားဖြင့် ကားဟွန်းသံများ ကြယ်လောင်စွာ တီးပေးခဲ့ကြသည်။ အများအပြားက ဒေါ်စုနောက်ဆုံးအခြေအနေကို စိတ်ဝင်စားစွာ မေးမြန်းခဲ့ကြပြီး ဒေါ်စုအား စာနာသနား ကြောင်းကို စိတ်မကောင်းစွာ ပြောပြကြသည်။ ဆန္ဒပြပွဲကို ညနေ ၆ နာရီခွဲတွင် ကြွေးကျော်သံများဖြင့် အောင်မြင်စွာ အဆုံးသတ်စေခဲ့ပါသည်။ အချိန်မအားလပ်သည့်ကြားထဲက ယခုလို အရေးကြီးသည့်အချိန်တွင် သွေးနီးကာ လာရောက်ဆန္ဒပြကြသော အယ်အေရှိမြန်မာများအား ကျေးဇူးအထူးတင် လေးစားပါကြောင်း ပွဲစီ စဉ်သူ L.A. Organizers for Burma အဖွဲ့ ကအသိအမှတ်ပြု ပြောဆိုသွားကြောင်း သတင်းရရှိပါသည်။
ဓါတ်ပုံ။ ။ ကိုမျိုး (DVB-LA)
Posted by
Dawn Gwin (ဒေါင်းဂွင်)
at
7:39 PM
0
comments
Monday, August 10, 2009
21st 8888 Ceremony, Los Angeles
၂၁ နှစ်မြောက် ၈လေးလုံး ပြည်သူ့ အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို အယ်အေမြို့ လပွန်းတီ အရပ်ရှိ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ကျင်းပခဲ့ရာ စိတ်ဝင်စားသူများ အများအပြား တက်ရောက် ခဲ့ကြပါသည်။
ပထမပိုင်း အစီအစဉ်အရ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်များက ၈ လေးလုံးအရေးတော်ပုံနှင့် ဒီမိုကရေစီကြိုးပမ်းသည့် ကာလ အတွင်း သေဆုံးသွားခဲ့သူများအား အမျှပေးဝေ ဆုတောင်းခြင်းကို ဗုဒ္ဓဘာသာ ထုံးစံအတိုင်းပြုလုပ်ပေးပါသည်။ ဆရာတော်ကြီးများအား နေ့ ဆွမ်းကပ်ပြီးနောက် အခမ်းအနားသို့ တက် ရောက်လာကြသော ဧည့်သည်များအား နေ့ လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ထို့  နောက် ၈လေးလုံး အခမ်းအနား အဖွင့်စကားကို LA Organizers အဖွဲ့ မှ ကိုပြေငြိမ်းက ပြောကြားခဲ့ပါသည်။ မြန်မာပြည် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးများ ရရှိအောင် ကြိုးပမ်းခဲ့ကြသော တိုက်ပွဲများအတွင်း ကျဆုံးသွားခဲ့ကြသော အာဇာနည် သူရဲကောင်းများအား ဂုဏ်ပြုသည့်အနေဖြင့် တမိနစ်ငြိမ် ဂုဏ်ပြုငြိမ်သက် ပေးကြပါသည်။ ထို့ နောက်နိုင်ငံတော်သီချင်းကို သံပြိုင် သီဆိုခဲ့ကြပါသည်။ ထို့ နောက် ခရစ်ယန်ဘာသာဖြင့် ဆုတောင်းခြင်းကို သိက္ခာတော်ရ တရားဟောဆရာ ဒေးဗစ်ပေါ က ခရစ်ယန် ဘာသာထုံးစံအတိုင်း ဆုတောင်း ပေးပါသည်။ ထို့ နောက် အစ္စလမ်ဘာသာဝင် ကိုမျိုးမြင့်အောင် ၈ လေးလုံးအတွေ့ အကြုံနှင့်ဘာသာရေး ခွဲခြား နှိပ်ကွပ်မှုအကြောင်းကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ ထို့ နောက် ၈ လေးလုံးနေ့  ရန်ကုန်မြို့ အတွေ့ အကြုံ၊ စက်တင်ဘာလ အာဏာသိမ်းပြီး ပစ်ခတ်မှုနှင့် ၈၈ မျိုးဆက်ကျောင်းသားများအကြောင်းကို ကိုသူရက တင်ပြဆွေးနွေးခဲ့ပါသည်။ ၈လေးလုံးည အပြစ်မဲ့ ပြည်သူများနှင့်ကျောင်းသားများ သွေးမြေခခဲ့ရပုံ ကိုယ်တွေ့  ဖြစ်ရပ်ကို ကိုဖုန်းရောင်ဦးက ပြန်ပြောင်း ပြောဆိုခဲ့ပါသည်။ ထို့ နောက် ကိုမင်းကိုနိုင်၏ သစ္စာကဗျာ ကို ကိုမိုးကျော်ပြည်စိုးက ဖတ်ကြားပြီး ကိုမင်းကိုနိုင်ရေးစပ်ပြီး ကိုမွန်းအောင်သီဆိုသော သွေးမုန်တိုင်းသီချင်းကို ဖွင့်လှစ်ဂုဏ်ပြုပါသည်။ ထို့ နောက် တက်ရောက်လာသူများအား ပွဲစီစဉ်သူများကိုယ်စား ကျေးဇူးတင်စကားကို L.A. Organizers မှ ကိုမော်ကြီးက ပြောဆိုပေးပါသည်။ ထို့ နောက် ကြားဖြတ်အစီအစဉ်အရ ဦးဖရင့်သောင်းဦး က အခမ်းအနားကို ဦးစီးကျင်း ပပေးသည့် LA Organizers အဖွဲ့ အား ချီးမွမ်း ဂုဏ်ပြု ပြောဆိုခဲ့ပါသည်။ အခမ်းအနားကို နေ့ လည် ၂ နာရီ တွင် အောင်မြင်စွာ ပြီးဆုံးစေခဲ့ပါသည်။
အခမ်းအနားအပြီး ပွဲစီစဉ်သူများကပြောပြသည်မှာ ဤသို့ အခမ်းအနားများကို စဉ်ဆက်မပြတ် ပြုလုပ်ရခြင်းမှာ... ပြည်တွင်းရှိပြည်သူများလွတ်လပ်စွာမကျင်းပနိုင်သော အခမ်းအနားကို ပြည်တွင်းမှ ပြည်သူများကိုယ်စား ကျင်းပရခြင်းဖြစ်ကြောင်း၊ အရေးအခင်းများတွင် ကျဆုံးသွားခဲ့ရသူများအား ဂုဏ်ပြုသည့်အနေဖြင့်ပြုလုပ်ရခြင်း ဖြစ်သည့်အပြင် ၎င်းတို့ ကိုယ်ကျိုးစွန့် မှုများ အကျိုးမဲ့မဖြစ်စေရန်အတွက် မပြီးပြတ်သေးသော ဒီမိုကရေစီ ပန်းတိုင်အား အောင်မြင်သည်အထိ ဆက်လက်လုပ်ဆောင်သွားရန်အတွက် အယ်အေရှိ မြန်မာပြည်သူများကို နှိုးဆော်သည့်အနေဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးယခုလိုအရေးကြီးနေသည့်အပေါ် အယ်အေရှိ ပြည်သူများ လက်ရှိနိုင်ငံအရေးကိုမျက်ခြေမပြတ် စောင့်ကြည့်သင့်ပြီး ပြည်ပရှိပြည်သူများက ပြည်တွင်းလှုတ်ရှား မှုများကို အားပေးထောက်ခံသည့်လုပ်ဆောင်မှုများကို အစဉ်မပြတ် ပြုလုပ်ပေးသင့်ကြောင်း တိုက်တွန်း ပြော ကြားသွားခဲ့ပါသည်။
ဓါတ်ပုံ။ ။ မောင်မျိုး (DVB-LA)
Posted by
Dawn Gwin (ဒေါင်းဂွင်)
at
12:52 PM
0
comments